{ငါ့မှာသာ အဲ့လိုမျိုးကိုယ်၀န်ဆောင်နိုင်မှန်းသိရင် ဟိုမှာထဲက ရှောင်းကို condom သုံးခိုင်းမှာမဟုတ်ဘူး }
၀င်လာတဲ့စာတစ်ကြောင်းနဲ့ ပုံတွေအထပ်လိုက်ကို ရိပေါ်မျက်လုံးပြူးကြည့်မိသည်...
သူတို့ရဲ့ ဟိုမှာတုန်းက ပုံတွေဖြစ်ပြီး hotelလိုမျိုးအခန်းထဲမှာဖြစ်ကာ ပို့လာသည့်ပုံတွေကမနည်း...
ရှောင်းရဲ့ ပုံကို ရှုထောင့်အမျိုးမျိုးကရိုက်ထားတာဖြစ်ပြီး မျက်နှာအမူအယာကလည်း အမျိုးမျိူးဖြစ်နေသည်
တစ်ချို့ပုံတွေမှာ မျက်မှောင်ကုပ်နေတတ်ပြီး တစ်ခါတလေလည်း သမာရိုးကျဆန်ဆန်မျိုး။ပျော်နေတာမဟုတ်သလို စိတ်ဆိုးနေပုံလည်းမဟုတ်...ကင်မရာဆီကြည့်နေတဲ့ပုံတွေပါသလို မကြည့်ပဲနေတာတွေလည်းရှိသည်။တချို့ပုံတွေမှာ ချူးမင်ပါပြီး နောက်မှာတော့ ရှောင်းပုံတစ်စွန်းတစပါသည်။သေချာတာတော့ ချူးမင်ကအရမ်းပျော်နေတာပဲဖြစ်သည်။
အားလုံးက ချူးမင်ရိုက်ထားတာတွေပဲဖြစ်နေကာ ရှောင်းကလည်း ဒီလိုပုံတွေရိုက်တာကို ခွင့်ပြုထားဟန်။
ဒါမှမဟုတ် ဒီလိုအရာတွေကို ဂရုမစိုက်တာမို့လည်းဖြစ်နိုင်သည်။
{မင်းတွေ့လား? ငါတို့သိပ်အဆင်ပြေခဲ့ကြတယ်}
စာတစ်ကြောင်းက ထပ်၀င်လာသည်.
ရိပေါ်ဘာပြန်ပြောရမှန်းမသိ....
ခံစားချက်က နာကျင်တာရော ၀မ်နည်းတာပါစုံသည်။
ပြီးတော့သိပ်ကိုလည်းခံပြင်းသည်။{ရှောင်းက ကျွန်တော့်အပိုင် ၊ ရှောင်းအတွက် ကျွန်တော်လိုတယ်}
လက်ချောင်းတွေ တုန်ရီလို့ ကီးဘုတ်ကိုတဂျောက်ဂျောက်နှိပ်ကာ ပို့လိုက်လျှင် တဖက်က လှောင်သလိုမျိုး emoji တွေပို့လာသည်..
"တောက် !"
ရိပေါ် တောက်တချက်ခေါက်လိုက်သည်။
နေမကောင်းတာမို့ ရှောင်းကအိမ်မှာနားစေပေမယ့် စိတ်ကအနားမနေရ။
ယန်ချူးမင်က ရိပေါ်ကိုဒုက္ခတွေလာပေးသည်။
ဟိုမှာနေတုန်းက ရှောင်းပုံရိပ်တွေသိချင်ပေမယ့် ဒီပုံတွေမြင်ရတော့ပိုဆိုးသည်...