unicodeရိပေါ် အသိနဲ့ခန္ဓာပြန်ကပ်လို့ နိူးထလာတာနဲ့ တပြိုင်နက် ခံစားလိုက်ရတဲ့ သူ့ ခန္ဓာကိုယ်အနှံ့က နာကျင်မှုတွေ။
"အ"
နာကျင်မှုကြောင့် ငြီးငြူလိုက်မိသည်။
သူ နာကျင်မှုကို အံတုပြီး ကြိုးစားကာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူနဲ့ မရင်းနှီးတဲ့ နေရာတခု မှာ သူရောက်နေလေသည် ။ သူ နာကျင်မှုတွေကြားက ထထိုင်ရန်ကြိုးစားလိုက်ပြီး သူ့ ဘေးဘီဘင်ကို ဝေ့ကြည့်နေစဉ် အခန်းထဲ ၀င်လာတဲ့ ကျဲကျဲတယောက်။
" သ သခင်လေး သတိရပြီလား ခနနော် ကျမ ဥက္ကဌကြီးသွားခေါ်လိုက်အုံးမယ်"
ထိုင်နေတဲ့ သူ့ကိုတွေ့တော့ ၀မ်းသာစွာနဲ့ ပြောကာ အခန်းပြင်ပြန်ပြေးထွက်သွားတဲ့ ကျဲကျဲတယောက်ကြောင့် ရိပေါ်ကြောင်အနေတုန်း သိပ်မကြာခင် အခန်းထဲပြန်၀င်လာတဲ့ ခုနက ကျဲကျဲနဲ့ ဖိုးဖိုးကြီးတယောက်။ ထို ဖိုးဖိုးကြီးက သူ့နားရောက်အောင် ခြေလှမ်းကျဲတွေနဲ့ အလျင်အမြန်လာကာ သူ့ဘေး၀င်ထိုင်လိုက်ပြီး သူ့လက်တွေကို ဆုပ်ကိုင်လာကာ~
" သတိရပြီလား သက်သာရဲ့လား ဟင် ဘယ်နားနာနေသေးလဲ "
သူ့လက်ကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီးနဲ့ အဆက်မပြတ်မေးလာတဲ့ ဖိုးဖိုးကြီး။
" ဟုတ် သားသက်သာပါတယ်"
"တော်သေးတာပေါ့ တကယ်တော်သေးတာပေါ့ မြေးလေး မေ့မြောနေတာ ၂ရက်တောင်ရှိပြီမို့ ဖိုးကစိတ်ပူနေတာ "
မျက်ရည်တွေ ဝေ့တက်နေတဲ့ မျက်ဝန်းအစုံနဲ့ အခုမဌဖြေဆည်နိုင်တဲ့ပုံနဲ့ရေရွတ်နေတဲ့ ဖိုးဖိုးကြီးကို ရိပေါ် ပြူးကာကြည့်နေမိသည်။ သူ ဒီဖိုးဖိုးကြီးနဲ့ ပထမဆုံးတွေ့ဖူးတာဆိုပေမဲ့ သူက စိမ်းမနေဘဲ ဒီဖိုးဖိုးကြီးမျက်နှာကို သူ အရမ်း ရင်းနှီးသလို မြင်ဖူးသလိုခံစားနေရသည်မို့ ~
" ဒါနဲ့ ဖိုးဖိုးကြီးက ဘယ်သူလဲဟင် သားတို့တွေ့ဖူးကြလားဟင် "
" ဖိုးဖိုးက မြေးရဲ့ ဖိုးဖိုးပါကွယ်"
"ဗျာာာ"
YOU ARE READING
Born To Love You 💞
Fanfictionနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...