Unicode
ကျန်းကျယ်ဟန့်သည် ရိထျန်း၏နောက်သို့လိုက်လာရကာ ကုန်းကျွင့်ကိုတော့ ဧည့်သည်ဆောင်တွင် စောင့်နေစေလေသည်။
ရိထျန်းသည် သီးသန့်ဆောင်သို့ရောက်သည်နှင့် ကျန်းကျယ်ဟန့်၏ ပုခုံးနှစ်ဖက်ကို ဖိကိုင်လိုက်ပြီး ဆူတော့သည်။
" ဟန် မင်း ဘာလို့ သူနဲ့ အတူတူနေလိုက်ရတာလဲ ၊ ဘာလို့ ကျိန်စာပြယ်တဲ့အထိ မစောင့်တာလဲ ဟန် ရဲ့ "
" ဟင် ! "
ကျန်းကျယ်ဟန့်သည် လန့်သွားကာ ပါးပြင်လေးများ နီရဲလာလေသည်။ သူသည် ချစ်သူနဲ့ ချိန်းတွေ့ချိန် အစ်ကိုဖြစ်သူမှ ဖမ်းမိသွားသကဲ့သို့ အရှက်သည်းနေလေသည်။
" ကော ကောကလည်း ဘာတွေပြောနေတာလဲ "
ရိထျန်းသည် ထိုမျက်နှာရဲရဲကိုပင် မငဲ့ညှာနိုင်တော့ဘဲ ပြောမိတော့သည်။ သူသည် ဟန့်အတွက် စိုးရိမ်စိတ်တို့ ကြီးထွားလာလေပြီ။
" ဟန် ! ကိုယ်ပြောထားတယ်မလား ၊ ပူဇော်ပွဲမပြီးမချင်း မင်းသားနဲ့ အရမ်းနီးကပ်မနေဖို့ ၊ မင်းကို ယုံကြည်ပေးထားတာ ဘာလို့ချိုးဖောက်ရတာလဲ "
" တောင်းပန်ပါတယ် ကော ၊ ကျွန်တော် ကျွန်တော် အရှင့်သားကို မလွန်ဆန်နိုင်ဘူး ဖြစ်သွားတယ် ၊ ပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း အတွေ့အထိမှာ ကျရှုံးသွားခဲ့တယ် "
" ဟန်ရယ် ကိုယ့်ကို ရူးအောင်လုပ်နေတာလား "
ရိထျန်းသည် ကြိတ်မနိုင်ခဲမရရေရွတ်ကာ ပြောစရာ စကားတို့ပင် ပျောက်လေသည်။
ကျိန်စာဖြေမည့် ပူဇော်ပွဲသည် မနက်ဖန်ညသန်းခေါင်အချိန်ဖြစ်လေသည်။
မြွေတောအုပ်၏အလယ်တွင် စီစဉ်ထားကာ ထိုပွဲအတွက် မင်းသားကုန်းကျွင့်၏ ဇာတာကို ဟန်ကရေးဆွဲထားခဲ့သည်။အထောက်အပံ့ဇာတာရှင် နှစ်ယောက်တွင် ဟန်က အားနည်းသူဖြစ်ရာ သူသည် လွန်စွာစိုးရိမ်နေခဲ့၏။
သို့သော် လီဟွားကလည်း ကျိန်စာ၏ အစွမ်းကြောင့် သူမ၏ အသံတို့ပျောက်ဆုံးနေရကာ မပြည့်စုံသူဖြစ်နေ၍ သွေးဖြင့် စတေးသော နတ်ဆေးကို ဟန်၏သွေးဖြင့် ပြုလုပ်ရမည်ဖြစ်ပြီး ထိုဆေးဖြင့်သာ ပူဇော်ပွဲကို စတင်ရပေမည်။
ESTÁS LEYENDO
FanficUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...