"ရော့ ဒါကအိမ်သော့...ပြီးတော့ အဲ့ရွာမှာငါ့အဘိုးခိုင်းတဲ့ဦးလေးကြီးတစ်ယောက်ရှိတယ် နာမည်က Jeon Byung Ho တဲ့ မင်းအကူအညီလိုရင်တောင်းလို့ရတာပေါ့ မင်းလာမယ်ဆိုတဲ့အကြောင်းလည်းငါပြောထားတယ်...အိမ်ပုံလည်းမင်းကိုငါပို့ထားတယ် ဖုန်းထဲမှာကြည့်ပြီးရှာလိုက်"
"အွန်း ကျေးဇူးပဲ ငါသွားတော့မယ်"
Jiseung ရဲ့အခန်းထဲမှာထိုင်နေရာကနေထရပ်ကာအထုပ်တွေကိုကောက်ကိုင်ရင်း Taehyung ပြောသည်...
"ကားပါလာလား..."
"မပါဘူး ကားငှါးပြီးသွားမှာ"
"ငါလိုက်ပို့ရမလား"
"ရတယ် မပို့နဲ့ ငါသွားတော့မယ် ကျေးဇူးပဲကွာ"
"အေးပါ ရပါတယ်"
Jiseung ကိုနှုတ်ဆက်ကာ Taehyung ထွက်လာခဲ့သည်...သူအခုသွားရမဲ့ရွာကတော်တော်ဝေးတာကြောင့် taxi တစ်စီးကိုတစ်နေ့လုံးစားငှါးထားလိုက်သည်...ကားမယူလာရသည့်အကြောင်းရင်းကလည်းအိမ်ကလူကြီးတွေရိပ်မိသွားမှာစိုးတာကြောင့်ဖြစ်သည်...Jiseung ရဲ့အိမ်ရှေ့ကိုရောက်သောအခါငှါးထားသည့်ကားကရောက်နှင့်နေပြီဖြစ်သည်...ထို့ကြောင့်အထုပ်အပိုးတွေတင်ကာကားထဲကို Taehyung ဝင်ထိုင်လိုက်သည်...ကားမှန်ကိုဖွင့်ထားရင်းလေပြေညှင်းကိုရှူရှိုက်ကာမကြာခင်မှာပဲ Taehyung အိပ်ပျော်သွားလေသည်...
.
.
.
"ငါ့ညီ...ရောက်ပြီနော်"ကားပေါ်မှာအိပ်လိုက်၊ဖုန်းကြည့်လိုက်လုပ်နေပြီးနောက်ငါးနာရီကြာသောအခါလမ်းကျဉ်းလေးတစ်ခုရဲ့အရှေ့ကိုရောက်လာပြီဖြစ်သည်...ကားဆရာကပြောတာကြောင့်အပြင်ကိုကြည့်လိုက်သောအခါလူမပြောနဲ့အိမ်တအိမ်တောင်မမြင်ရချေ...
"အစ်ကို...နေရာကမှန်ရောမှန်ရဲ့လား ခြောက်ကပ်နေတာပဲ Wonsekjang နော်"
Jiseung ရေးပေးလိုက်တဲ့ရွာနာမည်ကိုပြန်ကြည့်ရင်း Taehyung ပြောသည်...
"ဟုတ်တယ်ငါ့ညီ...ဒီလမ်းအတိုင်းဝင်သွားရမှာ လမ်းကအရမ်းကျဉ်းတော့ကားဝင်လို့မရဘူး"
"အာ...ဟုတ်ပြီ ကျေးဇူးပဲနော် အစ်ကို"
"ရပါတယ် အစ်ကိုလိုက်ပို့ရအုံးမလား"
YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
FanfictionYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}