Mafia ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဝမ်ရိပေါ်ဟာ အသက်၃၀ ဖြစ်ပြီး Leo ဆိုတဲ့နာမည်ကြားရုံနဲ့ဖိန့်ဖိန့်တုန်အောင် ကြောက်ကြတယ်။ လူသတ်တာတောင်မျက်တောင်တစ်ချက်မှ မခတ်ပဲ သူကြောက်ရတဲ့သူဆိုတာ ကမ္ဘာပေါ်မှာမရှိ.။သူ့ရဲ့အကျီကိုချွတ်လိုက်ပြီး ပေါင်၁၅၀ရှိတဲ့ ဝိတ်တုံးကြီးကိုမကာ လေ့ကျင့်ခန်းလုပ်နေတဲ့ Leoရဲ့ ကျောပြင်ကျယ်မှာ အပြည့်နေရာယူထားသော ဇာမဏီငှက်နှင့်နဂါးယှဉ်ပြိုင်နေသော tattoo နဲ့ ကြွက်သားအမြှောင်းမြှောင်း ခန္တာကိုယ်ကြီးကလိုက်ဖက်မှုရှိလှတယ်။ ထင်းနေတဲ့မေးရိုးကြီးရာယ်် ထောင်ထွက်နေတဲ့လည်စိကြီးက သူ့ရဲ့ယောက်ျားပီသမှုကို ပံ့ပိုးပေးနေတယ် ။
"Boss ကျစ်ရီပစ္စည်းတွေအလုခံလိုက်ရတယ်"
တပည့်ဖြစ်သူ ဝမ်းနင်နဲ့ စကားကြောင့် မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးဖြင့်စူးစိုက်ကြည့်လာကာ နှစ်ပေါင်းများစွာအနားမှာ တရင်းတနှီးနေလာတဲ့ ဝမ်းနင်တောင်သူအဲ့လိုကြည့်ပြီဆို ဒူးတွေတုန်လာတယ်။
"သတ်ပစ်လိုက်"
အသံဩဩ နက်နက်ကြီးရဲ့အဆုံးမှာတော့ ဝမ်းနင်ဘာဆင်ခြေမှမပေးပဲ Leoရဲ့အိမိန့်တိုင်း ကျစ်ရီကို စီရင်ဖို့ထွက်လာခဲ့တယ်။
ကျစ်ရီကို မစီရင်နိုင်လျှင် သေရမည့်သူမိမိကိုယ်တိုင်ဆိုတာကို ဝမ်းနင်သိတယ်။ နှစ်အကြာကြီး ခစားလာတဲ့သူဆိုပြီး သက်ညှာပေးတယ်ဆို တဲ့ပုံစံက Leoရဲ့ပုံစံမဟုတ်။ဝမ်းနင်ရဲ့ဘဝကကြိုးတန်းမှာလမ်းလျှောက်နေရသလိုပင်။ဒါပေမယ့်သူကပါးနပ်ပြီး တော်တဲ့သူဖြစ်တာကြောင့် Leo နားမှာသတ်တမ်းအကြာဆုံး နေနိုင်သူဖြစ်ခဲ့တယ်။
YOU ARE READING
Mafia's King (Completed)
Fanfiction100 % sweet အရေးသားလေးတွေ သည်းခံဖတ်ပေးပါ။ 18+ warning