Zawgyi //
" ငယ်.. "
" တစ်ခွက်လောက် သောက်ဦးမလား "
ဂျောင်ကုရောက်တဲ့အချိန်မှာ ထယ်ယောင်းကအတော်လေး ရေချိန်ကိုက်နေပြီ ။
" ကိုယ် မသောက်တော့ဘူး ငယ် "
" အဟွန်း.. "
အဓိပ္ပါယ်ဖော်မရတဲ့အပြုံးကိုပြုံးပြီး ထယ်ယောင်းက နောက်တစ်ခွက် ထပ်မော့တယ် ။
" ကိုယ် .. ကိုယ် တောင်းပန်ပါတယ် ငယ် "
" ဘာကိုလဲ ။ အဟက်.. ယောက်ျား မပီသလိုက်တာ ။ စားပြီးတိုင်း တောင်းပန်နေကြလား "
ဂျောင်ကုက ခေါင်းငိုက်စိုက်ကျသွားသည် ။ ထယ်ယောင်းရဲ့စွပ်စွဲချက်တွေ မှန်၍တော့မဟုတ် ။ သူ့အပေါ် အထင်သေးလွန်း၍ ဖြစ်သည် ။
" မင်း ငါ့ကို လက်ထပ်မလား "
" ငယ့်.. "
ပြူးကျယ်ဝိုင်းစက်သွားတဲ့မျက်လုံးအစုံနှင့်အတူ နားစည်တစ်ခုလုံးပါ အူထွက်သွားသည်ထင်ရသည် ။
" အဟွန်း... ဘာလဲ ။ မယူနိုင်ဘူးလား ။ "
" မ...မဟုတ်ဘူး ငယ် ။ ကိုယ် ... ကိုယ် အံ့သြလွန်းလို့ ။ ငယ်... မဟုတ်ဘူး ။ ငယ် တကယ်ပြောနေတာ ဟုတ်ပါတယ်နော် "
ဂျောင်ကုပုံစံက တော်တော်လေး ဂနာမငြိမ်နိုင်လှသည် ။ ခုပဲ ပြေးတော့မလို ။ ခုပဲ အရက်ခွက်ကို ကောက်မော့တော့မလို ။ ထယ်ယောင်းကိုပဲ ပြေးဖက်တော့မလိုနှင့် ။ အတော်လေး မျက်စိနောက်စရာကောင်းသည် ။
" ငါ့ပုံစံက နောက်ပြောင်နိုင်တဲ့အခြေအနေလား ဂျွန် "
ထယ်ယောင်းက အရက်ခွက်ကို ထပ်မော့လိုက်ပြန်သည် ။
" တစ်ခုတော့ ရှိတယ် "
" ဘာလဲ ငယ် ။ ကိုယ် ဘာလုပ်ပေးရမလဲ "
" မင်း မိသားစုနဲ့ပြတ်မှ ငါ့ဆီလာခဲ့ ။ ဘာတစ်ခုမှ မယူဘဲ ငါ့ဆီလာခဲ့ ။ သူဋ္ဌေးသားမို့ အပိုင်ကြံတယ်ဆိုတဲ့စကားမျိုး မင်းအမေဆီက ထပ်ပြီး ငါ အစော်ကားမခံနိုင်ဘူး ဂျွန် "
ဂျောင်ကုရဲ့မျက်ဝန်းတွေကို တည့်တည့်ကြည့်ပြီး သူပြောသည် ။ ထိုမျက်ဝန်းတွေသည် ရှုပ်ထွေးလှသည် ။ မျက်ဝန်းတွေက အဓိပ္ပါယ်ဖော်ရခက်သည် ။ သို့သော် သူဂရုမစိုက်ပါ ။ ဂျောင်ကုရဲ့မျက်ဝန်းတွေကိုရော ဂျောင်ကုရင်ထဲက အတွေးတွေကိုပါ သူဂရုမစိုက်ပါ ။
YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...