Unicode
နှင်းဖြူဖွေးဖွေးတွေက နေရာအနှံ့ပြန့်ကျဲနေပြီး တလောကလုံးဖြူဖွေးနေတော့တယ်။
တောင်ပတ်လမ်းတစ်လျှောက်မှာ နှင်းတွေဖုံးလွှမ်းနေခဲ့ပြီး နှင်းလုံးလေးလိုမြေခွေးလေးတစ်ကောင်က ခြေထောက်တိုလေးတွေကိုအားပြုကာ ခက်ခက်ခဲခဲလမ်းလျှောက်နေလေရဲ့။ သူမခြေလှမ်းလိုက်တိုင်း သူမရဲ့ခန္ဓာကိုယ်တစ်ဝက်က နှင်းထုထဲကိုနစ်မြုပ်သွားလေတယ်။
ရှီရှန်းခမျာ အရမ်းပင်ပန်းနေခဲ့ချေပြီ။ နှင်းထုထဲမှာ ခြေပစ်လက်ပစ်လှဲချလိုက်တော့ သူမရဲ့တစ်ကိုယ်လုံးအေးစက်သွားပြီး သွေးတွေအေးခဲသွားသလိုပင်။
“Battle Mode..”
ရှီရှန်းက ခပ်တိုးတိုးရေရွတ်လိုက်တယ်။
“Fuck..”
ယွဲ့ရန်ဂိုဏ်းနဲ့တိုက်ခိုက်နေတဲ့အချိန် သူမ,နိုင်ခါနီးမှာ အရူးတစ်ယောက် ရုတ်တရက်ပေါ်လာခဲ့တယ်လေ။ ပြီးတော့ မိစ္ဆာချည်နှောင်ခြင်းအစီအရင်ကို အသုံးပြုသွားခဲ့တယ်။ သူမရဲ့တုံ့ပြန်မှုသာ မမြန်ခဲ့ဘူးဆိုရင် အဲ့နေရာမှာပဲသေဆုံးသွားပြီး System Space ထဲကို ပြန်ရောက်သွားလောက်ပြီ…
ဒါပေမဲ့ တုံ့ပြန်မှုလျှင်မြန်ခဲ့တာလည်း အချည်းနှီးပဲ။ သူမရဲ့ကံကောင်းခြင်းအမှတ်က 30% လျော့နည်းနေတော့ ကံဆိုးမှုတွေဆီးကြိုနေပြန်တယ်။ နောက်ဆုံးတော့ အပြင်းအထန်ဒဏ်ရာရသွားခဲ့ပြီး ထွက်ပြေးလာခဲ့ရတယ်။
ဒီတစ်ခေါက်တော့ မြေခွေးဘုရင်ကြီးရဲ့စွမ်းအားအကုန်လုံးလွှဲပေးခဲ့ရင်တောင် ပြန်ကောင်းနိုင်ချေမရှိတော့ဘူး။ ပိုပြီးစိတ်ရှုပ်စရာကောင်းတာက မိစ္ဆာချည်နှောင်ခြင်းအစီအရင်ကို ဘယ်သူသုံးသွားမှန်းမသိလိုက်တာပဲ…
‘Fuck .. ဒီကိစ္စက တကယ့်ကိုကိုးရိုးကားယားနိုင်တာပဲ.. ငါက ဘယ်သူ့ကိုလက်တုန့်ပြန်ရမှာလဲ..?’
ရှီရှန်းတောင်ထိပ်ကိုရောက်သွားတော့ သိပ်သည်းလှတဲ့ချီစွမ်းအားတွေက သူမခန္ဓာကိုယ်ထဲကိုစီးဝင်လာခဲ့တယ်။ ရှီရှန်းခမျာ ချီစုစည်းခြင်းအစီအရင်မခင်းကျင်းခင် နှင်းထုပေါ်မှာလှဲချလိုက်ပြီး ခနအမောဖြေနေရရှာတယ်။ အတော်ကြာမှ အစီအရင်အလယ်မှာ သွားထိုင်နေလိုက်တယ်။
[Host.. ကိုယ့်ကိုယ်ကိုဖိအားပေးပြီး ပြန်ကောင်းအောင်လုပ်မလို့လား..?] သေချင်ယောင်ဆောင်နေတဲ့ System လေးက ရုတ်တရက် စကားပြောလာခဲ့တယ်။
ရှီရှန်းက သူမရဲ့လည်ပင်းကို အမွှေးဖွာနေတဲ့လက်ဖဝါးလေးဖြင့် ကုတ်ခြစ်လိုက်ပြီး..
“အင်း..”
[Host.. ရူးသွားပြီလား..?]
“ငါက အမြဲတမ်းရူးနေတာလေ.. နင်မသိဘူးလား..?”
[ကျွန်တော် သေချင်ယောင်ဆောင်နေတာပဲကောင်းပါတယ်.. Host သေသွားခဲ့ရင် ကျွန်တော်အလောင်းလာကောက်ပါ့မယ်]
……………
ရှီရှန်းတစ်ယောက် တောင်ထပ်ပေါ်မှာ ဆောင်းရာသီကနေနွေရာသီအထိ နှစ်ဝက်နီးပါးအချိန်ကုန်သွားခဲ့ရတယ်။ သူမရဲ့ကျင့်စဉ်က ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် လူသားအသွင်ကို ပြန်ပြောင်းလို့မရသေးဘူး…
‘Fuck.. ဓားလေးတောင်မကိုင်နိုင်တော့ဘူးလား.. ဘယ်လိုလုပ်လက်စားချေရမလဲ..?’
အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် လူသားအသွင်ကိုပြောင်းမရတော့ လက်လျော့လိုက်ရတော့တယ်။ အမြီးကိုခါရမ်းလိုက်တော့ အမွှေးဖွားဖွားလေးက အနည်းငယ်ကွာခြားနေသလိုပဲ။ ရှီရှန်းလည်း အနောက်လှည့်ကြည့်လိုက်တယ်။ အရင်တုန်းက အမွှေးပွပွအမြီးလေးအစား သေးငယ်ပိန်လှီတဲ့အမြီးလေးတစ်ချောင်းသာ ကျန်ရစ်တော့တယ်။
မြေခွေးတစ်ကောင်ရဲ့ကျင့်စဉ်က အမြီးပေါ်မှာမူတည်နေပြီး ကိုးမြီးကအကောင်းဆုံးပင်။ ဒါပေမဲ့ ကိုးမြီးမြေခွေးမပေါ်လာခဲ့တာ အတော်ကြာမြင့်ခဲ့ပြီ။ အခုချိန်မှာတော့ အမြီးအများဆုံးရှိတဲ့မြေခွေးက အမြီးခြောက်ခုရှိတဲ့မြေခွေးဘုရင်ကြီးပဲ။
“ယွီရီက အမြီးသုံးချောင်းရှိခဲ့ပေမယ့် အခုတော့ အမြီးတစ်ချောင်းပဲကျန်တော့တယ်.. Fuck.. စွမ်းအားတွေပြန်စုစည်းခဲ့တာတောင် ဘာလို့အမြီးမရှိတော့တာလဲ..?”
ရှီရှန်းက ခြေထောက်တိုလေးတွေကိုလှုပ်ရှားကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရဘူး။
‘ဧကန်န အမြီးတစ်ချောင်းပဲကျန်တော့တာလား..? အာဝူး.. ဖောင်း.. အား…’
ရှီရှန်းလည်း ပေါက်ကွဲသွားပြီး မြေပြင်ကိုကုတ်ခြစ်နေလိုက်တယ်။
‘ဒီဇာတ်ကောင်ကဘာကြီးလဲ..? မကစားချင်တော့ဘူး.. ပြန်ပို့ပေးတော့…’
[Host.., သေဆုံးဖို့နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်ပါ..]
‘ငါ့ကို ဒီအတိုင်း Space ထဲကိုတိုက်ရိုက်ကူးပြောင်းပေးလို့မရဘူးလား…?’
[မရပါဘူး ခင်ဗျာ..]
System က ခံစားချက်မဲ့စွာ ငြင်းဆန်လိုက်တယ်။
[Host.., မင်းကိုတိုက်ခိုက်ခဲ့တဲ့လူကို ပြန်မရိုက်ရသေးဘူးလေ.. တကယ်ကြီး ဒီအတိုင်းပြန်တော့မလို့လား..?]
ဒီစကားက ရှီရှန်းကို ပိုပြီးဒေါသထွက်စေခဲ့တယ်။ မြေပြင်ကို တွင်းတစ်ခုဖြစ်အောင်တူးပစ်လိုက်ပြီး..
‘အဲ့ကိစ္စကိုရှင်းရဦးမှာပဲ.. ငါသည်းမခံနိုင်တော့ဘူး.. ငါမသေချင်တော့ဘူး.. လက်စားချေရဦးမယ်..’
System က နည်းနည်းလေးဂုဏ်ဆာသွားတယ်..
[Host ရဲ့အကျင့်ကို လျော့မတွက်လိုက်သင့်ဘူး.. Battle Mode ကို စောစောကတည်းကစခဲ့လိုက်ရင် Host ငါ့ကို အနိုင်မကျင့်နိုင်တော့ဘူး..]
ရှီရှန်းတောင်အောက်ကိုပြန်ဆင်းလာတဲ့အချိန် အရာအားလုံး ပြောင်းလဲသွားခဲ့ချေပြီ. ရှီရှန်းလည်း လူအုပ်ကြားထဲရောနှောလိုက်ပြီး အတင်းစကားတွေကိုနားထောင်လိုက်တယ်။ ရှီရှန်းကိုအံ့ဩသွားစေတဲ့အချက်က ယွဲ့ရန်ဂိုဏ်းပျက်စီးသွားတာပဲ။ မိစ္ဆာတွေလုပ်တာတဲ့။ ပြီးတော့ ဝမ်ရှန်းဂိုဏ်းကိုလည်း မိစ္ဆာတွေဖျက်ဆီးခဲ့တာဆိုပြီး သတင်းပျံ့နှံ့နေခဲ့တယ်။
လွန်ခဲ့တဲ့တစ်လလောက်ကစပြီး လူသားဂိုဏ်းတွေအကုန်လုံးပေါင်းစည်းသွားသလို မိစ္ဆာတွေနဲ့တိုက်ပွဲစတင်လာခဲ့တယ်။ ရှီရှန်းလည်း ကြောင်အ,သွားရတယ်။
‘မိစ္ဆာတွေက ဒီလိုကျင့်ကြံရေးဂိုဏ်းတွေကိုဖျက်ဆီးနိုင်တဲ့စွမ်းအားမျိုး ဘယ်တုန်းကရသွားလဲ..? ငါတွေ့တုန်းကတော့ ကြောက်တတ်တဲ့မိစ္ဆာလေးတွေပဲရှိတာပါ..’
ထို့အပြင် လူသားတွေကြားမှာ နောက်ထပ်အတင်းအဖျင်းနှစ်ခုလည်း ရှိသေးတယ်။ ပထမတစ်ခုက အရှင်ချင်းဟန်ပြန်ရောက်လာပြီး ဝမ်ရှန်းဂိုဏ်းကိုတည်ထောင်ခဲ့တယ်တဲ့။ ယွီရှောင်ချီကိုလက်ထပ်ခဲ့ပေမယ့် ယွီရှောင်ချီကမင်္ဂလာပွဲမှာ ရွှမ်ဖုန်းနဲ့အတူထွက်ပြေးသွားခဲ့တယ်။
ထိုသတင်းကိုကြားတော့ စကားတစ်လုံသာရေရွတ်လိုက်တယ်။
‘Fuck..’
‘ဇာတ်ကြောင်းက ထိတ်လန့်စရာပဲ.. ငါထပ်ပြီးမကစားချင်တော့ဘူးနော်.. ဖုန်းစီသာ ချင်းဟန်ရဲ့ခန္ဓာကိုယ်ထဲ မဝင်ခဲ့ဖူးဘူးဆိုရင်ထားတော့.. ဒါပေမဲ့ အဲ့ခန္ဓာကိုယ်.. ဖုန်းစီတစ်ခါသုံးပြီးသားဆိုတော့...’
ဒုတိယကိစ္စကတော့ ရှီရှန်းကိုဝမ်းနည်းစေတယ်။ လူတွေပြောကြတာက သူမ,သေဆုံးသွားပြီတဲ့..
‘သေတယ်..? ငါအခုအသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်ဆဲပါနော်.. ကောလဟာလတွေလျှောက်ဖြန့်တဲ့လူတွေအားလုံး အပြစ်ပေးခံရလိမ့်မယ်..’
ရှီရှန်းလည်း လူအုပ်ကြီးထဲကနေထွက်လာလိုက်ပြီး အိမ်ခေါင်မိုးတစ်ခုပေါ်မှာ အမြီးတိုလေးကိုခါရမ်းပြီး လမ်းလျှောက်နေလိုက်တယ်။
‘ရွှမ်ဖုန်းမသေသေးဘူး.. မသေသေးဘူးတဲ့.. နောက်ဆုံးတစ်ခေါက်က စွမ်းအားပြင်းတဲ့အစီအရင်ကိုအသုံးပြုခဲ့တာတောင် အဲ့ကောင်ကအသက်ရှင်နေတုန်းပေါ့.. ငါအရူးလုပ်ခံလိုက်ရတာပဲ..’
“ရွှမ်ဖုန်း..”
ရှီရှန်းခမျာ ဟန်ချက်ပျက်ပြီး ခေါင်မိုးပေါ်ကနေပြုတ်ကျသွားမတတ်ပဲ။
‘တွေ့ကရာနေရာမှာ လမ်းလျှောက်နေရုံနဲ့ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကို တွေ့နေရတုန်းလား..?’
ရှီရှန်းက ခေါင်မိုးအစွန်းလေးမှာ ဂရုတစိုက်လမ်းလျှောက်လိုက်ပြီး အသံကြားရာကိုလှမ်းကြည့်လိုက်တယ်။ ချင်းဟန်ကို ရွှမ်ဖုန်းက သွေးနီရောင်ဓားနဲ့ချိန်ရွယ်ထားလေရဲ့။ ယွီရှောင်ချီကတော့ ရွှမ်ဖုန်းအနားမှာမတ်တပ်ရပ်နေပြီး စိုးရိမ်သလိုငေးကြည့်နေတယ်။
‘ကောင်းရော.. ဒီအသုံးမကျတဲ့ဓား.. အဲ့ဓားကို ဟိုတစ်ခေါက်တုန်းက ဘယ်သူသိမ်းခဲ့တာလဲ..? ဇာတ်လိုက်လက်ထဲ ဘယ်လိုလုပ်ပြန်ရောက်သွားတာလဲ..?’
“ရွှမ်ဖုန်း မလုပ်ပါနဲ့..”
ရွှမ်ဖုန်းရဲ့မျက်နှာက မဲမှောင်သွားပြီး..
“မင်းသူ့ကို ဂရုစိုက်နေတုန်းလား..?”
ယွီရှောင်ချီက ဝမ်နည်းမှုတွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ ခေါင်းခါရမ်းပြလိုက်တယ်။
“မဟုတ်ပါဘူး.. သူက ကျွန်မရဲ့ဆရာပါ.. ရွှမ်ဖုန်း သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့..”
“တစ်ယောက်ပဲရွေး.. သူလား..? ကိုယ်လား..?”
“ရွှမ်ဖုန်း.. ကျွန်မ,ရှင်နဲ့လိုက်ခဲ့ပြီးပြီလေ..”
ယွီရှောင်ချီက ညည်းတွားလိုက်တယ်။
‘ဘာလို့ ရွေးချယ်ခိုင်းနေပြန်တာလဲ..?’
“ရှောင်ချီ..”
ရွှမ်ဖုန်းရဲ့အသံက အနည်းငယ်အက်ကွဲလာတယ်။
ယွီရှောင်ချီက ချင်းဟန်ကိုစိုက်ကြည့်ရင်း ရွေးချယ်ရခက်နေသည့်ဟန်။ ထို့နောက် မျက်လုံးစုံမှိတ်လိုက်ပြီး ရွှမ်ဖုန်းကိုအော်ဟစ်လိုက်တယ်။
“ကျွန်မရှင့်ကိုရွေးတယ်.. ရှင့်ကိုရွေးတယ်.. ကျေးဇူးပြုပြီး သူ့ကိုထွက်သွားခွင့်ပေးလိုက်ပါတော့..”
ရှီရှန်းလည်း သူမရဲ့ခေါင်းကို ခြေထောက်တိုတိုလေးနဲ့ထိလိုက်ပြီး ဇာတ်ကြောင်းကိုပုံဖော်ကြည့်လိုက်တယ်။
‘ဇာတ်ကြောင်းက ဒီလိုဖြစ်ရမယ်..
ယွီရှောင်ချီက ရွှမ်ဖုန်းကိုလွှတ်ပေးခဲ့တယ်။ နောက်ကျတော့ အကြောင်းအမျိုးမျိုးကြောင့် ယွီရှောင်ချီက ဝမ်ရှန်းဂိုဏ်းထဲကိုရောက်သွားပြီး ချင်းဟန်နဲ့တွေ့ခဲ့တယ်။ နှစ်ယောက်သား နေ့နေ့ညညအတူတူရှိနေတော့ ချင်းဟန်လည်း ယွီရှောင်ချိကိုနှစ်သက်သွားခဲ့တယ်။ အဲ့ကနေစပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း စတင်လာခဲ့တာပဲ။
နောက်ဆုံးတော့ ယွီရှောင်ချီက ရွှမ်ဖုန်းကိုရွေးချယ်လိမ့်မယ်။ အဲ့နောက် ချင်းဟန်က ဗီလိန်ဖြစ်သွားပြီး ဂိုဏ်းတပည့်တွေကိုဦးဆောင်ကာ မိစ္ဆာလောကကိုသွားတိုက်ခိုက်လိမ့်မယ်။ ဇာတ်လိုက်နဲ့ဇာတ်လိုက်မက သူ့ကိုအနိုင်တိုက်ပြီး နောက်ဆုံးတော့ နှစ်ဦးသားလက်ထပ်ကာ မိစ္ဆာလောကကိုပေါင်းစည်းပြီး အတူနေထိုင်သွားကြလေသတည်းပေါ့…
System ငါမှန်တယ်မလား..?”
[ကျွန်တော့ Hostနဲ့ စကားမပြောချင်ဘူး..]
ရှီရှန်းက ဇာတ်ကြောင်းကိုပုံဖော်နေတဲ့အချိန် တိုက်ပွဲပြီးသွားခဲ့ချေပြီ။ ရွှမ်ဖုန်းက ယွီရှောင်ချီကုခေါ်ပြီးထွက်သွားခဲ့တယ်။ ချင်းဟန်ကတော့ အမူအယာကင်းမဲ့နေတဲ့မျက်နှာနဲ့ တစ်ကိုယ်တည်းကျန်ရစ်ခဲ့ရတယ်။
ရှီရှန်းလည်း တခနတုံ့ဆိုင်းသွားတယ်။ ချင်းဟန်နဲ့မတိုက်ခိုက်ချင်ဘူး။
‘ငါတို့နှစ်ယောက်စလုံးက အရမ်းသနားဖို့ကောင်းတယ်.. ဘာလို့ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေရဦးမှာလဲ..?’
[Host.. ဘယ်တုန်းကကြင်နာတတ်သွားတာလဲ..?]
System ကတော့ လုံးဝမယုံကြည်ဘူး..
“ဓားတောင်မကိုင်နိုင်တာကို.. ဘယ်လိုလုပ် သူနဲ့တိုက်ခိုက်နိုင်မှာလဲဟ..? ငါ့ကို အစွမ်းထက်လာအောင်လုပ်ပေးလေ.. အဲ့တာဆို သူ့ကိုအနိုင်တိုက်နိုင်ပြီ..”
[……….]
“သေချင်ယောင်ဆောင်နေပြန်ပြီလား..? သေချင်ယောင်ဆောင်တဲ့အပြင် တခြားအစွမ်းတစ်ခုခုမရှိတော့ဘူးလား..?”
[စက်ပိတ်သွားပါပြီ..]
“အရူး System.. နင်တော်လွန်းတယ်..”
………………
Translated by Melinoe_Megami
BẠN ĐANG ĐỌC
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
Viễn tưởngCollaboration Work for Shisheng❣