027

7.2K 390 103
                                    

" သွေးပေါင်ချိန်တွေအရမ်းကျနေတယ် လူကအားလည်းမရှိတော့အခုလိုဖြစ်သွားတာ ၊ ဘာမှမဖြစ်ဘူးဆိုပေမယ့် ဒီတိုင်းကြာကြာထားရင်တော့ မကောင်းဘူးရှောင်းရဲ့!"

အိမ်မှာ အရင်ထဲကခေါ်ထားနေကျ ဖေဖေ့သူငယ်ချင်း ဆရာ၀န်ကပြောသည်။
ရှောင်း ဆေးအရှိန်ကြောင့်အိပ်ပျော်နေသူကို ဆံပင်လေးတွေသပ်တင်ပေးလိုက်သည်။

ခုရက်ပိုင်း၀မ်ရိပေါ်တကယ်ပိန်သွားတာဖြစ်သည်။နှုတ်ခမ်းတွေပါ ဖြူဆုတ်လို့ မျက်တွင်းတွေပါချောင်နေလျှင် ရှောင်းမွန်းကြပ်ရသည်။

" အရင်တလောကလည်းမူးလဲလို့ဆေးရုံပြသေးတယ်ဒေါက်တာရယ် ...ကျွန်တော်က အလုပ်မသွားလို့မရတာမို့ သူ့ကိုပဲအိမ်မှာနားခိုင်းလိုက်တာ အစားလည်းမစားဘူး ဆေးတွေလည်းမသောက်ဘူး ဖြစ်နေတာ ခုရက်တွေပိုဆိုးလာတယ် ညဘက်တွေလည်း မအိပ်ဘူး"

" အလုပ်မှာ စိတ်ဖိစီးရင်လည်းဖြစ်တတ်တယ်ရှောင်းရဲ့ အားလပ်ရက်လေးယူပြီးတော့ ခရီးထွက်ကြည့်ပါလား ?ရိပေါ်အတွက်လည်းစိတ်သက်သာရာရအောင်  ...စိတ်ပြေလက်ပျောက်ဖြစ်မယ့်နေရာတစ်ခုခုပေါ့"

" ကျွန်တော်လည်း အဲ့လိုလုပ်ဖို့တွေးထားပါတယ် ၊ အဘိုးဆီကိုလည်းမရောက်တာကြာတော့ ရိပေါ်နဲ့လည်းမိတ်ဆက်ပေးရင်း အလည်သွားမလားလို့ "

" အဲ့တာအကောင်းဆုံးပဲ ၊ အနည်းဆုံးတော့ခရီးထွက်ရလို့ သူစိတ်ပြေလက်ပျောက်ဖြစ်သွားမှာ ...ကဲ ကျွန်တော်လည်းပြန်အုံးမယ်ဗျာ လိုအပ်ရင်ခေါ်လိုက်ပေါ့"

" ကောင်းပါပြီ"

‌ဆရာ၀န်နှုတ်ဆက်ပြီးပြန်သွားတော့ ရှောင်းနဲ့သူနှစ်ယောက်ထဲသာ ကျန်ခဲ့သည်.

ကုတင်ဘေးနားထိုင်ရင်း ရှောင်းသူ့မျက်နှာကိုစိမ်ပြေပြေထိုင်ကြည့်နေလိုက်သည်..
သူတကယ်ပဲ ၀မ်ရိပေါ်ကိုချစ်သည်.

ဘ၀မှာ ပထမဆုံးအချစ်က ၀မ်ရိပေါ်အတွက်ပဲဖြစ်သလို ခုချိန်ထိရင်ခုန်သံတွေအားလုံးဟာလည်း ၀မ်ရိပေါ်ကြောင့်...။
ဝေးနေရမှဘယ်လောက်ထိလွမ်းရမှန်းသိသည်။
ဥပက္ခာပြုခဲ့ရတဲ့အချိန်တွေမှာ သူ့အသံမကြားရတဲ့ ညတွေအတွက် ရှောင်းကိုယ်တိုင်လည်း အိပ်ရေးပျက်သည်...

One Step To You___{Completed}Where stories live. Discover now