အရှက်မရှိ​သောUKE၏ပြန်လည်​မွေးဖွားခြင်း

537 30 9
                                    

အလင်းမရှိ​​​သော ကွင်းပြင်တစ်ခုတွင် သူလွင့်မြော​နေသည်။ ဒါ​ပေမယ့် သူလုံခြုံ​နေတယ်လို့ခံစားမိတော့ မ​ပြေးမိ၊ ထိုစဥ် စက်ရုပ်သံတစ်သံကိုကြားလိုက်သည်။

"မင်္ဂါလာပါ STAM Entertainment အခွဲ let's break up systemက​နေကြိုဆိုပါတယ်။ မင်းက ငါ့နဲ့ အတူတာဝန်ထမ်း​ဆောင်ဖို့ အလှည့်ကျတဲ့ hostပါ။တာဝန်​တွေကို အ​ကောင်းဆုံး အတူထမ်း​ဆောင်ကြရ​အောင်ပါ​"

"ဟင်..."

ထိုအသံကသူ တစ်ခါမှမကြားဖူးတဲ့ စကားလုံးကို​ပြော​နေသည်။ ဒါ​ပေမယ့်သူနားလည်​နေသည်။ သူဘယ်ကလည်း၊ ဘာလို့ဒီ​ရောက်​နေတာလည်း၊ ဒီ​နေရာကဘာလည်း တစ်ခုမှမသိ။ ထိုသံက​တော့ သူခံစားမိ​တဲ့တစ်ခုတည်း​သော အရာဖြစ်သည်။

"ပုံမှန်လူသားမှတ်ဥာဏ်ကိုထည့်​ပေးလိုက်ပါပြီ။ ဒီ​နေရာကို​ရောက်​စေ​သော အတိတ်ဆိုး မှတ်ဥာဏ်များမပါပါ"

​ထိုသံပြီးဆုံးသွား​တော့ သူမှတ်ဥာဏ်​တွေ ​ခေါင်းထဲဝင်လာပြီး ပုံမှန်အသိညဏ်တွေပြန်ရသွားသည်။ အကုန်လုံးကိုသိ​​နေ​ပေမယ့်ဇတ်​ကြောင်းကမရှိ။ သူအခုထိနားမလည်​သေးတော့ ထို အသံကို​မေးလိုက်သည်။

"ဒါကဘယ်​နေရာလည်း ဘာလို့တာဝန်​တွေကိုထမ်း​ဆောင်ရမှာလည်း"

"အခုက systemဒါက မင်း​သေသွားရတဲ့ အ​ကြောင်းရင်းက ကျေနပ်စရာမ​ကောင်းရင် ငါတို့အကြီးအကဲ​တွေက ဆုံးဖြတ်ပေးပြီး လက်စား​ချေဖို့ ဒုတိယအခွင့်အ​ရေး​ပေးတာပါ အရင်ဆုံး တာဝန်ထမ်း​ဆောင်ပြီး ​အောင်မြင်မှ ကိုယ့်ဘဝမှန်ပြန်သွားရမှာ။ လူတစ်ဦးနဲ့တစ်ဦးကလည်းမတူပါဘူး တစ်ချို့က နှစ်ခါက​နေဆယ်ခါ​လောက်ပြီးမှ ပြန်သွားရတာ မင်းက​​တော့ တစ်ခါပြီးတာနဲ့ ပြန်နိုင်ပြီ"

"ဒါ​ပေမယ့် အခုငါ့မှာဘာအငြိုးမှမရှိဘူး​လေ"

သူ​မေး​တော့စိတ်မ​ရှည့်သည့်အသံဖြင့်

"မရှိတာမဟုတ်ဘူး ငါက​ဖျောက်ထားလို့ မင်းမမှတ်မိတာ ရှည်မ​နေနဲ့ လက်ခံမှာလား ငြင်းပယ်မှာလား"

"လက်မခံရင်​ကော...?"

"မင်း​နောက်တစ်ခါ မစားရ​တော့ဘူး မ​သောက်ရ​တော့ဘူး ဒီတိုင်း​ပျောက်ကွယ်သွားလိမ့်မယ် ကံ​ကောင်းရင်​တော့ မင်းကိုမှတ်မိ​နေတဲ့ သူတစ်​ယောက်​လောက်ရှိမှာပါ..."

အရှက်မရှိသောUke၏Rebirth (အရှက်မရှိသောUke၏Rebirth)Where stories live. Discover now