Unicode
သံတမန်အချစ် ~~7
ရိပေါ် ရှောင်းကျန့်စီမှ စကားကိုကြားပြီး ထိုနေရာမှလဲကျသွားသည်.....။
(ဘာတွေလဲ...ငါ့နှလုံးက ကိုကိုအဖေရဲ့နှလုံး !
ဘာတွေဖြစ်ကုန်တာလဲ.....)"ကို ကို ....!"
""မင်းပါးစပ်ပိတ်ထား...!သွားတော့..!ငါ့မျက်စိရှေ့ကထွက်သွား...."
ရှောင်းကျန့်ပြောတော့ရိပေါ်လည်း.အိမ်ပေါ်တက်လာခဲ့သည်။
(ကလေးရယ်၊ကိုယ် မင်းကိုမအော်ချင်ပါဘူး။မင်းဧည့်ခန်းမှာအိပ်နေတော့ မင်းအကျီကရေစိုနေလို့သွားလဲစေရန် စိတ်ပူပြီးနှိုးလိုက်တာ၊နိုးလာတော့မင်းကသေချင်တယ်ဆိုတဲ့စကားကြောင့် ကိုယ်အရမ်းဒေါသထွက်သွားတာပါ၊ကလေး ကိုယ့်ကိုစိတ်မဆိုးဘူးမလားဟင်..)
ရိပေါ်လည်း.အပေါ်တက်ပြီးအခန်းထဲ ၌....
"ဘာတွေလည်း ? ကိုကို ဘာတွေပြောနေတာလဲ..
ကိုကို့အဖေနှလုံးဆိုတာကရော ငါဘာမှနားမလည်တော့ဘူး။အဲ့ဒါဆို ကိုကို ကို ကို ငါ့ကိုမုန်းနေတာ ဒါနဲ့များ သက်ဆိုင်နေတာလား။ငါစုံစမ်းရမယ်....."ရိပေါ်အငိုလွန်ပြီး အခန်းထောင့်လေးထဲမှာခွေခွေလေးအိပ်ပျော်သွားသည်....။
ရှောင်းကျန့်လည်း အောက်ထပ်မှာဒေါသဖြေပြီး သူ့ကလေးအကျီလဲရဲ့လားတက်ကြည့်တော့....
အခန်းထောင့်လေးထဲမှာ ကွေးကွေးလေး
အ်ိပ်ပျော်နေတယ်...။ပါးစပ်ကလည်းယောင်ယမ်းပြီးဘာတွေပြောနေမှန်းမသိဘူး....။
ကလေးရဲ့အနားကိုသွားလိုက်တော့ ကိုယ်တွေပူကျစ်နေတာ ကလေးကဖျားနေတာပဲ ! ရေစိုအကျီကြီးကိုလည်းမလဲပဲနဲ့ အိပ်မှတော့ ဖျားပြီပေါ့။ဒါတွေကြိုသိလို့ အကျီလဲပါဆိုကွာ ကလေးက အရမ်းဆိုးတယ်။ကလေးကို ကုတင်ပေါ်ရွှေ့ပေးပြီး .ရေပတ်တိုက်ပေးထားရတယ်။တစ်ညလုံးလည်းမအိပ်ပဲ သူ့ကိုထိုင်ကြည့်နေရသည်။မနက်မိုးလင်းခါနီးကျတော့ ကလေးသောက်ဖို့ဆန်ပြုတ်သွားပြုတ်ရသည်။
ပြုတ်ပြီး အခန်းထဲဝင်လာတော့ ကလေးကမနိုးသေးတာကြောင့်ကလေးပင်ပန်းနေမှာစိုးလို့မနိုးရက်တာနဲ့ သူ့ဘေးမှာသူနိုးလာရင်သောက်ဖို့ဆေးရယ်၊ဆန်ပြုတ်ရယ်ထားခဲ့ပေးထားလိုက်သည်။
YOU ARE READING
သံတမန်အချစ်(Completed)