Part 9 ( U+Z )

970 81 3
                                    

ဒီနေ့................သူမနှင့်ညနေ စာသင်ရ
တော့မည့် အဖြစ်သည် သူ့ဘဝအတွက်စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးသော အ တွေ့ အကြုံဆန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဒီနေ့သူ့ကိုယ်သူ အတောက် ပဆုံးအမွှေးပျံ့ဆုံးဖြစ်အောင်စိတ်တိုင်း ကျအလှတွေပြင်ထားခဲ့ပြီးသူမအလာကိုရင်ခုန်စွာမျှော်လင့်စောင့်စားနေခဲ့သည်။ သူ့ကိုမြင်တော့သူမမျက်ခုံးတွေပင့်ခနဲ့ တက်သွားတာကို သူသတိထားလိုက်မိသေး သည်။ တကယ်တော့ဒီအဝတ်တွေက သူ့အဝတ်တွေမဟုတ်။ မောင်လေးအခန်းထဲခိုးဝင်ပြီး ဒီကောင့်ဗီရိုထဲက အတောက်ပဆုံး ပိုးရှပ်နီညိုရောင်နှင့် ဘောင်းဘီအနက်ကိုသွားခိုး ယူားကာ ဝတ်ထားခဲ့ခြင်းဖြစ်သည်။ နာရီကလည်းမောင်လေးနာရီ။ ရေမွှေးတွဘာတွေ တောင်ဆွတ်ခဲ့သေးသည်။ ဒီကောင်အိမ်မှာမရှိ ကျောင်းသွားတက်နေချိန်မှာသူစိမ်ပြေနပြေဖွကာ စိတ်တိုင်းကျလိုချင်တာတွေယူထားခဲ့ခြင်းဖြစ်သည်။

'' ကဲ....ပထမဆုံးနေ့မှည ကျွန်မလိုချင်တဲ့ စည်းကမ်းကလေးတွေ ပြောထားလိုက်ရ အောင်၊ကျွန်မရဲ့စည်းကမ်းတွေကိုရှင်လိုက်နာ နိုင်မှ ကျွန်မရှင့်ကိုစာဆက်သင်ပေးနိုင်မယ်၊ ကျွန်မ မကြိုက်တဲ့စည်းကမ်းတစ်ခုခုကိုရှင် ချိုးဖောက်တာနဲ့ ကျွန်မရှင့်ကို စာလုံးဝဆက် မသင်ပေးနိုင်ဘူး.....ဟုတ်ပြီနော်၊ ဘယ်လိုလည်း ရှင်လိုက်နာမှာလား ''

'' အင်း.....''

သူ့မျက်လုံးတွေက သူမဆီကနေမခွာနိုင်တော့။ စူးစူးရဲရဲ အငမ်းမရပင်စိုက်ကြည့်မိသည်။

'' ပထမဆုံး စည်းကမ်းက ရှင့်မျက်လုံးတွေ
ယဉ်ကျေးဖို့ပဲ၊ လူတစ်ယောက်ကို ပြူးပြဲနေအောင်အငမ်းမရစိုက်ကြည့်တတ်တာ၊ မျက်လုံးတွေက ဂဏှာမငြိမ်ပဲ ကျီးကန်းတောင်းမှောက် မျက်လုံးကစားတတ်လွန်းတာကိုရှင်ရှောင်ရမယ်၊ ကျွမ်မကရှင့်ကိုစာသင်ပေမယ့် ဆရာမဖြစ်နေပြီ၊ ရှင့်အသက်ဘယ်လောက်.... ''

'' နှစ်ဆယ့်လေး ''

'' ကျွန်မက ရှင့်ထက် လပိုင်းကြီးတယ်၊ အဲ့ဒီအတွက် ကျွန်မကိုလေးစားရမယ်၊ အထူး
သဖြင့်မပြစ်မှားရဘူး၊ မပိုးပန်းရဘူး၊ ဘယ့်နှယ်လဲ၊ ရှင်လိုက်နာနိုင်မလား ''

မရဲ့....မူပိုင်ရှင်Donde viven las historias. Descúbrelo ahora