"အချစ်ဉီးနဲ့ ပြန်တွေ့ရတာ တော်တော်မှပျော်ခဲ့ပါရဲ့လား ပတ်ခ်ဆောင်ဟွန်း?"
တံခါးဝမှာဖိနပ်ချွတ်နေသူကို မေးမိတော့ အထိတ်တလန့်မျက်ဝန်းတွေနဲ့ မော့ကြည့်လာသည်။ထို့နောက်
"ဟျောင်းးးး"
ဟူ၍ သံရှည်ဆွဲကာခေါ်လာ၏။ဘာမှပြန်မပြောဘဲ အိမ်ထဲကိုပြန်ဝင်လာတော့ ဖိနပ်ကို ကမန်းကတန်းချွတ်ပြီးနောက်ကနေ လိုက်လာဟန်တူသည်။
ဒုံး ဒိုင်းနှင့်တိုက်မိသံများကို ကြားရသည်။ဘေးနားမှာမက်တပ်လေးလာရပ်နေ၍ မျက်နှာချင်းဆိုင်ကခုံကို မေးထိုးပြတော့ အသာအယာဝင်ထိုင်ပြီး
"ဟျောင်း"
ဟု သနားစဖွယ်ကောင်းအောင် ခေါ်ပြန်သည်။အဝတ်အစားကို တစ်ချက်ကြည့်တော့ နွေးနွေးထွေးထွေးတော့ ဝတ်ထားသည်။"မင်း ငါ့မေးခွန်းကို မဖြေသေးဘူးနော်။
အင်းပေါ့လေ မင်းရဲ့ ပါးချိုင့်ခွက်ခွက်ကြီးတွေပေါ်နေတဲ့အထိဆိုတော့ တော်တော်ပျော်နေခဲ့တာပဲ။ဝမ်းသာပါတယ် ပတ်ခ်ဆောင်ဟွန်း"လို့
သူဆက်ပြောမိတော့ မျက်နှာချင်းဆိုင်က ကောင်လေးကခေါင်းကိုသာအဆက်မပြတ်ခါယမ်းနေပြီး
"ဟျောင်း" ဟုသာ ခေါ်နေပြန်သည်။မျက်စိမှိတ်ပြီး နောက်မှီပေါ် ခေါင်းမှီနေရာမှ နာရီကို တစ်ချက်မော့ကြည့်မိတော့ ရှစ်နာရီပင် ထိုးတော့မည်။
နှစ်ယောက်သား ဘာမှဆက်မပြောဘဲထိုင်နေမိတာ နှစ်နာရီလောက်ရှိတော့မည်။မှောင်မည်းနေပေမဲ့ မီးလဲထမဖွင့်ဖြစ်ကြပေ။ရှေ့မှကောင်လေးကလဲ သူ့လှုပ်ရှားမှုများကိုသာ လိုက်ကြည့်နေ၏။
နှစ်နာရီလုံးလဲ သူ့ကိုကြည့်နေတာပဲဖြစ်မည်။
"ဂွီ ဂွီ"ဆိုပြီး ဗိုက်ထဲမှ အသံတွေမြည်နေတာလဲ သိပုံမပေါ်။
သူ မပြောလျှင် ညစာထစားမည့်ပုံလဲမပေါ်။"ကဲပါ မင်းနဲ့ငါပြီးတော့မှ စကားပြောကြတာပေါ့။အခုတော့ ငါဗိုက်ဆာပြီ။ညစာစားကြရအောင်"လို့ ပြောတော့မှ
ဆက်ခနဲအသိဝင်လာဟန်နှင့် မီးဖိုထဲသို့ ထသွားသည်။ဟင်းတွေမထည့်ဘဲ ထမင်းပဲစားနေသဖြင့်လဲ ပြောရသေးသည်။
ဟီဆွန်း ရုတ်တရပ် ဆောင်ဟွန်းကိုကြည့်ပြီး ရယ်ချင်လာသည်။
သနားလဲသနားလာသည်။
ဒီကောင်လေးက သူ ဒီလိုမှ စိတ်မဆိုးလျှင် မရပေ။
သူ့စကားဆိုလျှင် နားမထောင်ချင်။
အထူးသဖြင့် သူ့အချစ်ဦးနှင့် ပတ်သက်လာလျှင် ပိုဆိုးသည်။
တဇွတ်ထိုးလေး လုပ်ချင်သည်။ညစာစားပြီးတော့ အိမ်ရှေ့ဧည့်ခန်းထဲမှာပဲ ပြန်ထိုင်မိတော့ ညနေကအတိုင်း သူနှင့် မျက်နှာချင်းဆိုင်မှာ လာထိုင်သော ကောင်လေး။
သူ့ကိုမဝံ့မရဲနဲ့ကြည့်ပြီး
"ဟျောင်း"ဟုခေါ်ပြန်သည်။
မရတော့။
သူစိတ်တိုလာချေပြီ။"ပတ်ခ်ဆောင်ဟွန်း မင်းကိုငါ ဘာပြောထားသလဲ။မင်းအချစ်ဦးနဲ့သွားတွေ့တဲ့အခါ ဘာလုပ်ရမယ်လို့ ငါပြောထားသလဲ။ဟင် ပတ်ခ်ဆောင်ဟွန်း ဖြေလေ မင်းဖြေလေ"ဟု
သူစိတ်တိုတိုနှင့်ဆိုမိသည်။ပတ်ခ်ဆောင်ဟွန်းတို့ကတော့ မူမပျက်
"ဟျောင်းး"ဟုသာ သံရှည်ဆွဲခေါ်ပြန်၏။"Yeah!!!ပတ်ခ်ဆောင်ဟွန်း မင်း ဟျောင်း ဆိုတဲ့တစ်လုံးပဲ ပြောတတ်တာလား။
စကားမပြောတတ်ဘူးလား။
မင်း ငါ့ကိုဖြေရှင်းချက်ပေးလေ။
မင်း နောက်ဆိုငါ့စကားနားထောင်မယ်ဆိုတဲ့အကြောင်း ကတိပေးလေ။
ဘာလို့ငြိမ်နေတာလဲ"လို့ အော်တော့မှ တဖြည်းဖြည်းပြုံးလာပြီး
"ဟျောင်းရယ် ကျွန်တော်မှားသွားပါတယ်။ကျွန်တော်နောက် ice skatingလုပ်တိုင်း အကာအကွယ်အပြည့်ဝတ်ပါ့မယ်။
အဲ့တာကြောင့်ဟျောင်းက စိတ်မဆိုးနဲ့တော့နော်။
ပြီးတော့ ကျွန်တော့်အချစ်ဦးက LeeHeeSeungဆိုတဲ့ ဟျောင်းပါ။
Ice skatingမဟုတ်ပါဘူး။
ဒါကြောင့် ဟျောင်းက အဲ့လိုကြီး မပြောပါနဲ့။ကျွန်တော် လန့် လန့်သွားလို့ပါ ဟျောင်းရယ်။ကျွန်တော်က ဟျောင်းအော်တာကိုအသည်းယားလို့ ဟျောင်းအော်တဲ့အထိစောင့်နေတာ"ဟုဆိုကာ နှဖူးကိုတစ်ချက်လာနမ်း၏။
ဘယ်အချိန်က သူ့အနားရောက်လာသည်မသိလိုက်။
မျက်နှာကလဲ မျက်နှာပိုးမသေ။ပတ်ခ်ဆောင်ဟွန်းဆိုတဲ့ လူဆိုးကောင်က သူ့အချစ်ဦးဖြစ်တဲ့ ရေခဲပြင်စကိတ်စီးတိုင်း အကာအကွယ်က ဘယ်တော့မှအပြည့်မဝတ်ချင်။
ဒီကလူကပဲ အလကားနေရင်း ထိခိုက်သွားမလား စိုးရိမ်နေရသည်။
ဒီလူဆိုးကောင်ကို ဒီလိုစိတ်ဆိုးပြမှ နောက်ကိုမလုပ်တော့မှာဖြစ်သည်။
အခုတော့ သူလဲပင်ပန်းနေပြီ။
ဆောင်ဟွန်းလဲ တစ်နေကုန်အပြင်မှာ အေးလာတာဆိုတော့ စောစောအိပ်သင့်ပေသည် မဟုတ်လား?ထို့နောက်တွင်မူ ညနေပိုင်းက စိတ်ဆိုးနေသောလူမှာ သူမဟုတ်သည့်အတိုင်းပင် အီဟီဆွန်းတစ်ယောက် ပတ်ခ်ဆောင်ဟွန်းလက်ကိုဆွဲ၍ အိပ်ခန်းထဲသို့ဝင်သွားလေတော့သည်။
ကျီစယ်နေသော အချစ်ငှက်ကလေးများအကြောင်း ဤတွင်တစ်ခန်းရပ်၏။
16.12.21(Thu)
10:09pm(ပေါက်စီရေ အိုင့်အချစ်ရေ
ဟုတ်တယ် အိုင်ပါ။အကယ်၍ အကယ်၍ပေါ့ နင်ဒါကိုဖတ်မိခဲ့တယ်ဆိုရင် ငါ့စီလာပြီး ဝေဖန်လေကန် လာလုပ်ပါဦး။ဆာလာငဲ။)