'စင်'
ကျောင်းကအပြန် တိုက်အောက်ထပ်မှာ
တွေ့လိုက်ရသည့်သူကြောင့်
စင်ခဏတော့အံ့ဩသွားရသည်။
စင့်အိမ်လိပ်စာကိုသူဘယ်လိုသိတာလဲ ...။'ဘာလာလုပ်တာလဲ'
'မ, စင့်ကိုလာတောင်းပန်တာပါ'
'တောင်းပန်တယ် ... ဘာကိုလဲ'
'လွန်ခဲ့တဲ့နှစ်နှစ်က ...
'တော်လိုက်တော့ ... ဘာမှမပြောပဲ
ပြန်လိုက်ရင်ကောင်းမယ်'လှည့်ထွက်ဖို့လုပ်သည့်စင့်ကိုလာဆွဲသည့်လက်ကိုပါ
ခါချလိုက်သည်။'မကျေနပ်သေးဘူးလား ... ရှင်လျက်နဲ့သေအောင်
လုပ်ခဲ့ရရုံနဲ့မကျေနပ်သေးဘူးလား ... ဘာများ
ထပ်လိုချင်သေးလို့လဲ ... တော်လိုက်ပါတော့
ပြန်တောင်းပန်ပါတယ်''စင် ... ခဏလေးပါ ... ခဏလေးပဲ မ,ပြောတာကို
နားထောင်ပေးပါ''ဘာကိုနားထောင်ရဦးမှာလဲ ... ကြည်စင်သော်
ပိပိရိရိအလိမ်ခံခဲ့ရတဲ့အကြောင်းတွေလား ... ရည်းစားက
လေယာဉ်တက်တဲ့နေ့မှာ နောက်တစ်ယောက်နဲ့
မင်္ဂလာဆောင်တဲ့အကြောင်းလား သွားစရာ
နေရာတွေအများကြီးမှာမှ လန်ဒန်ကိုမှရွေးပြီး
ဟန်းနီးမွန်းထွက်ခဲ့တဲ့အကြောင်းလား ဘာတွေလဲ
ဘာတွေထပ်ပြောချင်သေးလို့လဲ''တောင်းပန်တယ်ဆိုတာကလွဲပြီး ...
'တောင်းပန်တယ် ဟုတ်လား ... တောင်းပန်တယ်တဲ့လား
ဪ ... တောင်းပန်တယ်တဲ့ ... အဟား'စင် မျက်ရည်ကျနေသည့်ကြားက
ခပ်လှောင်လှောင်အော်ရယ်လိုက်သည်။
ဒဏ်ရာတွေပေးခဲ့တာမကျေနပ်သေးလို့
ဒဏ်ရာဟောင်းကိုနောက်တစ်ခါ
ထပ်ဆွချင်သေးတာလား။ နှလုံးသားကို သေအောင်
သတ်ပြီးမှ အသက်ရှိသေးလား
စမ်းသပ်ချင်သေးတာလား ...။ ကစားချင်တိုင်း
ကစားလို့ရတဲ့အထိ စင့်အချစ်တွေကသူ့အတွက်
အပေါစားဆန်ခဲ့တာလား ...။'ပြန်လိုက်ပါတော့ ... တောင်းဆိုတာပါ ... မတော်တဆ
တွေ့ခဲ့ရင်တောင် မသိချင်ယောင်ဆောင်ပေးပါ
ဘယ်တုန်းကမှမသိခဲ့တဲ့လူလိုမျိုး'စင် နောက်လှည့်မကြည့်တော့ပဲ အပေါ်တက်လာခဲ့သည်။
တစ်ခါဆိုလုံလောက်ပါပြီ ...။ တစ်ယောက်တည်းကိုပဲ
ချစ်ခဲ့တာမို့ ... ဒီတစ်ယောက်ကြောင့်ပဲ အပြည့်အဝ
နာကျင်ခဲ့ရပြီမို့ ...။