🍁🍁🍁

980 103 11
                                    

Promise For Love " [Part-19...].

"မတက်နိုင်ဘူးလေ.. ဒါကျွန်တော်တို့နှစ်ယောက်ရဲ့.. ကံကြမ္မာပဲ.. ကံကိုလူသားတွေက ဖန်တီးပေမဲ့.. ဖန်တီးသူတွေကိုယ်တိုင် နာကျင်စေခဲ့သောအခါ.. ချစ်ပေမဲ့လဲ.. နာကျင်စွာကျောခိုင်း ရမှာပဲ...သူ နဲ့ကျွန်တော် နဲ့က ဒီလိုဖြစ်ဖို့ရာတွက် ဖန်တီးခဲ့ကြတော့..."

"ခွင့်မလွှတ်နိုင်သော အရာများကြောင့်သာ...

မိဘ များရဲ့.. သွေးကြွေးတွေတွက် သာ...မနာကျင်စေပေမဲ့... နာကျင်အောင်လုပ်ခဲ့မိတာပါ.."

"အတိတ် ကို တသက်လုံး သတိမရခဲ့တော့ရင်လဲကောင်းသား..
ဘာလို့..ငယ်ငယ်ထဲက.. သိပ်ကိုချစ်ခဲ့ကြတဲ့ သူနှစ်ယောက်ကြမှာလဲ..... ????"
_______________

"အတိတ်ကို ပြန်ပြင်ဆင်ခွင့်ရမယ်ဆိုရင်တောင်..
ကျွန်တော်တို့ နှစ်ယောက်ကို စုံစည်းပေးခဲ့တာကိုတော့.. မပြောင်းလဲချင်ခဲ့ပါ.."

"မိဘတွေသာ အဆင်ပြေခဲ့မယ်ဆိုရင်.. ခုချိန်ဆို ကျွန်တော်တို့နှစ်ယောက်လဲခုလို ချစ်လျက် နဲ့ နာကျင်နေစရာမလိုပါ..."

"အပြစ်တင်စရာ တစ်စုံတစ်ရာမှ မရှိပါ...."
"မုန်းပါသည်.. ချစ်ရသူနှင့် ခွဲနေရသောအချိန်တွေကို.. "
"ချစ်ရသူကိုတော့ မမုန်းပါ မုန်းစရာအကြောင်းလဲ မရှိပါ.. မှားခဲ့တာ.. ကျွန်တော့်အဖေ ၏ အမှားဖြစ်သောကြောင့်.."
"ကျွန်တော်သည်လဲ.. ချစ်ရသူ..ပြောသည့်အတိုင်း.သူအတိတ်မေ့နေတာကို အခွင့်ကောင်းယူပြီး.. အဖေဖြစ်သူအမှားကျူးလွန်ထားတာကို ငယ်ငယ်ထဲက သိခဲ့ပြီး နှုတ်ဆိတ်ခဲ့တာ.. မှန်သောကြောင့်... ထောင် တနှစ် နှင့်ခြောက်လ...ကျခံရန် အမိန့်ထွက်လာခဲ့ပြီး...."

"အဖေ ဖြစ်သူကတော့ လူသတ်ရန် ကြံစည်မှု အဂတိလိုက်စားမှု.ငွေအလွဲသုံးစားလုပ်မှု.အခွန်တိမ်းရှောင်မှု တို့ကြောင့်.. အနှစ် 20 ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်... ။"

"ဒီ အပြစ်ဒဏ်တွေက အစောထဲကသာကျွန်တော်ကိုယ်တိုင်ထုတ်ဖော်ခဲ့ရင် ဒီလိုတွေဖြစ်လာစရာမရှိ.. အဖေ အပြစ်ဒဏ် ကျခံရလို့..ဝမ်းမနည်းမိပေမဲ့ ဝမ်းလဲမသာမိပါ.. အပြစ်လုပ်တဲ့သူတိုင်း အပြစ်ဒဏ်ခံရမည်သာ... ။ "

"A Promise For Love🤙"[Completed]Where stories live. Discover now