Zawgyi
meeting ပြီးတော့ နာရီကို တစ်ချက်ကြည့်လိုက်တယ်။
Taehyung တို့လေယာဉ်ထွက်မယ့် အချိန်နဲ့နီးနေပြီပဲ။
တစ်ပတ်အတွင်း Taehyung ကို သိပ်လွမ်းနေမိတာ။
သူလေ့ကျင့်တာကို အနှောက်အယှက်မပေးချင်လို့သွား
မတွေ့ဖြစ်ဘဲ ပေကပ်နေမိတယ်။သွားတွေ့သင့် လား သူ့ကို??
necktie ကို ခပ်လျော့လျော့ဖြေပြီး meeting ခန်းထဲက
ထွက်မယ်လုပ်တော့ ဘေးကနေ ကပ်ပါလာတဲ့ Sungho hyung က
" Jeon... လေလံပွဲသွားရမယ် ""shit.."
အသံထိန်းပြီးဆဲလိုက်ပေမယ့် Sungho hyung က
မျက်လုံးမျက်ဆံပြူးသွားသည် company အတွင်းမှာလေ။"မာမီ အောက်မှာစောင့်နေလိမ့်မယ် Jeon"
"ေ-ာက်ရေးမပါတာ Hyung ပဲသွားလိုက် ကျနော် သွားစရာ
ရှိတယ်"ခြေလှမ်းကျယ်ကျယ် နဲ့ ထွက်လာတော့
"ဟေ့. .. Jeon...ဒီကောင်!"ဂျစ်ကန်ကန် ညီတစ်ယောက်ကို ဘယ်လိုထိန်းကျောင်းရမှန်း
တကယ် မသိတော့ဘူး။
မာမီနဲ့ Jungkook နဲ့ မတည့်တာလည်း Jungkook က
သူလုပ်ချင်တာဆို တဇွတ်ထိုး လုပ်ရမှ.. ။သက်ပြင်းတစ်ချက်ချပြီး Jungkook ရဲ့ နည်းပြဆီ ph
ဆက်လိုက်တယ်။
"Jeon Jungkook က ဒီနေ့ လေ့ကျင့်တာရှိတာလား
ဒါဆိုရင် အချိန်ရွှေ့ပေးဖို့ ပြောတာပါ..""မရှိဖူး!! "
Ph ချလိုက်ပြီး စဉ်းစားနေမိတယ်။မင်းမှာ Hockey ထက် အရေးကြီးတာ ရှိနေတာလား...။
Jungkook အခု ဘာတွေလုပ်နေတာလဲ?ရှိသမျှအားနဲ့ကားကို အမြန်မောင်းပြီး လေယာဉ်မထွက်ခင်
သွားနေတယ်။ခနလောက် စောင့်နေဦး..ငါလာနေပြီ မင်းဆီကို။
airport ရှေ့မှာ ကားရပ်ပြီး အထဲကို အပြေးဝင်လိုက်သည်။
နေရာအနှံ့ကို ဝေ့ဝဲရှာမိတော့ တွေ့ပြီ...။
ထိုင်နေရင်း လက်သည်းကိုက်နေတဲ့ Taehyung ကို။ကျနော် မြင်တော့ မတ်တပ်ထရပ်ပြီး
" Jungkook?"ပြေးသွားပြီးသူ့ကိုယ်လုံးလေးကို ဖက်လိုက်တယ်။
"လွမ်းနေခဲ့တာ.. "
YOU ARE READING
F L A W (completed)
Fanfiction"Love is more complicated than we know" (rewriting) Jeon Jungkook x Kim Taehyung 10.12.21_14.1.22