"သား သဘောမတူနိုင်ဘူးနော် ပါးပါး"
ဆယ့်သုံးနှစ်အရွယ် ကလေးတစ်ယောက်ရဲ့ကန့်ကွက်သံက
ဧည့်ခန်းအတွင်းဝယ် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။"သားရယ် ပါးပါးနဲ့အန်တီဝမ်လျှူ က တရားဝင်လက်ထပ်
ပြီးသွားပြီလေ။အဲ့ဒီတော့က.....""သူနဲ့လက်မထပ်ပါနဲ့လို့ ပါးပါးကို သား တားခဲ့တယ်
မဟုတ်ဘူးလား"သူ့စကား မဆုံးခင်ဖြတ်အော်လာပြန်တဲ့ သားဖြစ်သူကြောင့်
ရှောင်ချင်း စိတ်အတော်ညစ်သွားရသည်။"သားကို ပါးပါး ပြောမယ် သေချာနားထောင်။သား မားမား
ဆုံးသွားကတည်းက သားကို ပါးပါးကပဲ အဖေလိုတစ်မျိုး၊
အမေလို တစ်ဖုံနဲ့ ပြုစုပျိုးထောင်ပေးခဲ့တာနော်။သား မား
ဆုံးသွားတဲ့ နှစ်ကစလို့ နှစ်တော်တော်များများကို ပါးပါး
တစ်ယောက်တည်းပဲ ဖြတ်သန်းခဲ့တာ"သားက သူ့စကားကို မျက်မှောင်လေးကြုံ့ပြီး နားထောင်
နေ၏။ဘာမှတော့ ပြောမလာသေး။ဒါ့ကြောင့် ရှောင်ချင်း
ပြောလက်စ စကားကို ဆက်ပြောဖို့ လုပ်လိုက်တယ်။"ဝမ်လျှူက ပါးပါးရဲ့ငယ်ချစ်ဦးပါ။ပြန်တွေ့တာလည်း သိပ်
မကြာသေးဘူး။သူကလည်း အမျိုးသားဆုံးသွားလို့ သမီး
လေးတစ်ယောက်နဲ့ဒုက္ခရောက်နေရှာတာ""အဲ့တာနဲ့လက်ထပ်တာက ဘာဆိုင်လို့လဲ။သူတို့သားမိကို
ပါးပါး သနားတယ်ဆိုလျှင် ငွေကြေးထောက်ပံ့ပေးလိုက်လေ"ရှောင်းချင်း မျက်မှန်ကို ချွတ်ပြီး မျက်ရိုးကို လက်ညိုးနဲ့လက်မသုံးပြီး ဖိနှိပ်လိုက်မိတယ်။
"ကျစ်..ဒီလိုသားရယ်။ပါးပါး အနေနဲ့ ဆေးပေးမီးယူလိုတယ်။အဲ့တာကြောင့် ဝမ်လျှူကို လက်ထပ်လိုက်တာ"
"အဆုံးသတ်ကျတော့လည်း ပါးပါး လိုချင်လို့ လက်ထပ်
ခဲ့တာပဲမလား။ဒါနဲ့များ စကားကို ဝေ့ဝိုက်ပြောနေသေးတယ်""ပါးပါး သားနဲ့အချင်း မများချင်ဘူး သားရယ်။မနက်ဖြန်
ကစလို့ ဝမ်လျှူတို့သားမိက ဒီအိမ်မှာ လာနေလိမ့်မယ်""မုန်းတယ်။သား စကားကို လျစ်လျူရှုတဲ့ ပါးပါးကို သား
အရမ်းမုန်းတယ်"