Two days before Valentine's Day
" ဟို ကျွန်တော့်ကို ချောကလက် လေး ပေးပါလား ဘာလို့လဲဆိုတော့ .... "
" ဟို ကျွန်တော့် ကို ချောကလက် လေး ပေးပါလား ဘာလို့လဲဆိုတော့ .... "
ပုံမှန်နေ့တွေ အတိုင်း မနက် ငါးနာရီထပြီး အလုပ်သွားဖို့ ပြင်ဆင်ရသည်။
" ကျစ်. .. ညက သောက်တာ များသွားတယ်ထင်တယ် "
မနေ့ညက ဂျယ်ယွန်းတို့ ပန်းချီကလပ်ရဲ့ ညစားစာပွဲရှိတာမို့ သောက်စားကြတော့ နည်းနည်းဆိုပြီးသောက်လိုက်မိပေမယ့် မနက်ကျ ခေါင်းက အတော့ကိုမကြည်မလင်ဖြစ်နေသည်။ ကိုယ်ကိုကိုယ်ပင် မသိလိုက်ဘဲ ဘယ်လောက်တောင် များများ သောက်လိုက်မိလဲ မသိ ။
ကိုက်ခဲနေသည့်ခေါင်းကို ဖိလျက် နံရံမှာရှိသည့်နာရီကို ကြည့်လိုက်တော့ အချိန်က မနက် ၅:၃၀။
ညက စားဝိုင်းမှာ သောက်လာပေမယ့်လည်း မနက် စောစောထတာက အကျင့်တစ်ခုလို ဖြစ်နေတာသည်။
စောစောထတက်တဲ့ အကျင့်က ကောင်းပေမယ့် သောက်လာပြီးေနာက်နေ့တွေဆို သိပ်တော့ အဆင်မပြေဖြစ်သည်။
ဘာဘဲဖြစ်ဖြစ် နိုးလာပြီးဖြစ်တာကြောင့် ကိုက်ခဲနေတဲ့ ကောင်းကို ဖိကိုင်ကာ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲ ဝင်လာလိုက်သည်။
လန်းသွားအောင် ရေပန်းဖွင့်ကာ အရင်ဦးဆုံး ရေချိုးလိုက်သည်။
ရေချိုးခန်းထဲ ရေပန်းကနေ ကျဆင်းလာသည့် ရေစက်တွေနဲ့ ကြမ်းပြင်ရဲ့ ရိုက်ခက်သံတွေကြား ဂျယ်ယွန်း အသံတစ်ခုကို ကြားလိုက်ရသည်။
ထိုအသံက လွန်ခဲ့တဲ့ တစ်လ ဂျယ်ယွန်း ကားအက်စီးဒန့် ဖြစ်ပြီးထဲက အိမ်မက်ထဲ ခဏခဏ ကြားဖူးနေသည့် အသံနဲ့ တူနေသည်။
" ကျွန်တော့်ကို ချောကလက် လေးပေးပါလား ဘာလို့လဲဆို.... "
ရုတ်တရက် ကြားလိုက်ရတာကြောင့် ရေပန်းကို အလျင်အမြန် ပိတ်လိုက်ပြီး နောက်တစ်ခေါက် အသံကြားရမလားဆိုပြီး နားထောင်ကြည့်ပေမယ့် ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေသည်။
" စိတ်ဖိစီးမှု များနေလို့ဘဲ နေမှာပါ "
ရုတ်တရက် ရှုပ်ထွေးသွားတဲ့ အတွေးတွေကို ရှင်းပြစ်ဖို့ ရေကို နောက်တစ်ကြိမ်ဖွင့်လိုက်သည်။