Telepathy (3)

239 17 0
                                    

Unicode

တိတ်ဆိတ်နေသော အပန်းဖြေစံအိမ်ကြီးထဲ လူနှစ်ယောက်ရဲ့ငြင်းခုံသံတို့က နေရာယူလျက်။

"အဲ့လောက်ထိ လုပ်ဖို့လိုလို့လား"

"လိုလို့လုပ်တာပေါ့ ရှင်ရယ်"

"မင်းစိတ်တိုင်းကျ သူ အလုပ်ထွက်ခဲ့တာပဲလေ"

ထိုအမျိုးသားရဲ့စကားကို သူမက ခပ်ထေ့ထေ့အပြုံးတို့ဖြင့် ပြန်တုံ့ပြန်သည်။ ခပ်လှလှမျက်နှာလေးက မာနတွေ အငြိုးတွေ လောဘတွေဖြင့် သိပ်ကြောက်ဖို့ကောင်းနေခဲ့သည်။

"ကျွန်မသွားမယ့် လမ်းကြောင်းမှာ ပိတ်နေတဲ့ ဆူးငြောင့်လေးတစ်ခုကို ရှင်းပစ်လိုက်ရုံပါ"

သူမက ထိုအမျိုးသားနားသို့ တိုးကပ်သွားရင်း သူ့ရဲ့ပါးပြင်ထက် လက်သည်းရှည်တို့ဖြင့် မထိတထိပွတ်သပ်ရင်း ပြန်ဖြေသည်။

"မင်းအပြစ်တွေအတွက် ပြန်ခံရလိမ့်မယ် ငါကိုယ်တိုင် မင်းကို ထောင်ထဲထည့်မှာ"

ထိုအမျိုးသားရဲ့စကားကို သူမက ဟာသတစ်ခုကိုကြားလိုက်ရသလို အားရပါးရ တဟားဟား ရယ်မောနေခဲ့သည်။

"အို...သတ္တိတွေကောင်းလှချည်လား။ ကျွန်မပေးတဲ့အိမ်မှာနေ ကျွန်မကျွေးတာစားနေတဲ့ရှင်က ဘာများတတ်နိုင်မှာတဲ့လဲ။ ကျွန်မက ရှင့်သားကို လွှတ်ပေးထားမယ်ထင်နေသလား"

သူမစကားအဆုံး ထိုအမျိုးသားက အံကိုခပ်တင်းတင်းကြိတ်ရင်း ဒေါသတွေကို ဖြေလျော့နေပုံရသည်။
သူမ ပြောတာတွေက အမှန်တွေပဲ မဟုတ်လား။
ယောက်ျားတစ်ယောက်ဖြစ်ပါလျက် သူ့ဘ၀ဟာ မိန်းမတစ်ယောက်ရဲ့ လက်ခုပ်ထဲကရေလိုမျိုးပင်။

ခုနက ကောက်ကျစ်မှုအပြည့်ဖြင့်မျက်နှာက သူမ မဟုတ်သလို မျက်နှာငယ်လေးဖြင့်ကြည့်ကာ သူ့ကို ပွေ့ဖက်လာသည်။

"မဆိုးစမ်းပါနဲ့....ကျွန်မဘက်မှာ Kimတစ်ယောက်ပဲရှိတာလေ ကျွန်မကိုမသနားဘူးလား"

တွေ့ဖို့ကံပါလာကြတဲ့အခါမှာ သံသရာတစ်ကွေ့မှာ တွေ့ကိုတွေ့ကြတာပါပဲ။ ကွာခြားချက်က ထိုတွေ့ဆုံမှုဟာ ကောင်းတဲ့ရေစက်လား....
မကောင်းတဲ့ရေစက်လား.....။

𝚃𝙴𝙻𝙴𝙿𝙰𝚃𝙷𝚈 *Completed*Where stories live. Discover now