part (34)

8K 585 23
                                    

"ပြီးရောလေ အာ့ဆိုလည်း မြူရောလိုက်မယ်..ဒါပဲ ပြန်မပြောနဲ့ ပြန်ပြောရင်ရှင်လည်း မသွားရဘူး..." မြူ ဆူး အား ခပ်ငေါက်ငေါက်ဆိုပြီးအိပ်ရာပေါ်မှဆင်းလိုက်လေသည်။

"အာ အန်တီကလည်း အဲလိုမလုပ်ပါနဲ့..." ဆူး မြူ့ နောက်အပြေးလေးလိုက်ပြီး နောက်ကနေလိုက်ချွဲနေပြန်သည်။

"မပြောနဲ့လို့ ပြောထားတာ ပြောပြန်ပြီလား..မသွားချင်ဘူးနဲ့တူတယ်..."
ဆူး ရဲ့ မျက်နှာလေး မှာ နှုတ်ခမ်းလေးထော်ကာ ဆူပုတ်နေချေတော့သည်။ မြူ ကတော့ ဆူး ပုံစံလေးကိုကြည့်ရင်း ကြိတ်ပြုံးနေချေရဲ့ ။

"အန်တီ နေမကောင်းဘူး မလားလို့..."

"နေကောင်းတယ်..ရှင့်ကိုတစ်ယောက်ထဲလွှတ်ရမှာစိတ်မချဘူးရှင်..."

"အန်တီကလည်း..."

"အန်တီကလည်း မနေနဲ့...မြူ တို့ ဈေးဝယ်သွားကြမယ်...အတူတူမသွားဖြစ်တာကြာပြီ..."

"မသွားချင်ပါဘူး..." ဆူး မြူ့စကားအား ဘုကလန့်တိုက်ပြီး မွှေ့ရာပေါ်၌ ခြေချိတ်ထိုင်ရင်းလက်ပိုက်ကာ မျက်နှာကြီးတစ်ခုလုံးဆူပုတ်နေတော့သည်။

"အဲဒါဘာဖြစ်နေတာလည်း.." ဆူး အနားလေးသို့လျှောက်လာရင်း ဆူး ရဲ့မျက်နှာလေးကိုလက်နုနုလေးဖြင့်ကိုင်လိုက်လေသည်။

"ဘာလည်း ရှင်က အပြင်မှာ လူလွတ်နေချင်တာပေါ့လေ..ကျွန်မကိုမခေါ်ချင်တာက..."
ဆူပုတ်နေတဲ့ ဆူး ရဲ့ပါးနှစ်ဖက်ကို လက်ဖြင့်စိတ်ကြိုက်ညှစ်ရင်း မြူ ဆိုလိုက်လေသည်။

"အဲလိုမဟုတ်ပါဘူး အန်တီရဲ့..."

"အာ့ဆိုဘယ်လိုလည်း ပြော.."

"ပိုင်ခန့် မွေးနေ့ပွဲက အိမ်မှာလုပ်မှာမဟုတ်ဘူးလေ club မှာဆိုတော့..နည်းနည်း..." ဆူး စကားသည်အဖျား၌ တိုးဖျော့သွားပြန်သည်။

"အာ့ ဘာဖြစ်လည်း..."

"ဟာ ဘာဖြစ်လည်းတဲ့ ဆူး ကသွားတာကိစ္စမရှိပေမဲ့ အန်တီကသွားလို့မရဘူး..."

"ဘာလို့မရတာလည်း..." မြူ ဆူး ရဲ့စကားကိုအကျအနကောက်ကာ မေးခွန်းတွေအထပ်ထပ်မေးနေပြန်သည်။

"အန်တီ မရစ်နဲ့ကွာ...အဲ့မှာအကုန်လုံးက အရက်တွေသောက် မူးကြ၊ကကြတာလေ..အန်တီကဘာလိုက်လုပ်မှာလည်း...နောက်ပြီးအမူးသမားတွေမျက်လုံးကအငြိမ်နေတာမဟုတ်ဘူး...အန်တီ့ကိုလိုက်ကြည့်ကြမှာ ဆူး မခံနိုင်ပါဘူး..."

အန်တီ [ Complete ]Where stories live. Discover now