Selfish love (Zawgi)

62 9 0
                                    

"ကိုကို...ကျွန်တော့် Manager လုပ်ပေးပါလား"

"ကိုကိုက ဘယ်လိုလုပ်ပေးရမှာတုန်းခလေးရဲ့.... ရှိတဲ့အလုပ်တွေတောင် တောင်လိုပုံနေတာကို"

"ကိုကိုက ခလေးကိုမချစ်ဘူးကွာ"

လုပ်ပါပြီ။ဒါ ခ​လေး တစ်ခုခု လိုချင်တာမရတိုင်းပြောနေကြစကား။နှုတ်ခမ်းဆူ၍ ကျွန်တော့်ကို ကျောခိုင်းသွားသည့်ခလေးကြောင့်
မနေ့ကမှလာအပ် သွားသည့် ဇာတ်ညွှန်းစာအုပ်ကို ကုတင်ဘေးချလိုက်၍ ကျောပြင်သေးသေးလေးကို အနောက်ကနေသိုင်းဖတ်လိုက်သည်။

"ဘာကိုကြည့်ပြီးကိုကိုက ခလေးကိုမချစ်ဘူးလို့ပြောနိုင်တာတုန်း...ဟင်?"

ခလေး ပုခုံးပေါ်မေးတင်ပြီး လည်တိုင်ဖြူဖြူနုနုလေးဘက်ကို မျက်နှာမူ၍ပြောလိုက်တော့ ယားလို့ထင် ပုခုံးလေးကျုံ့သွားသည်ခလေးကြောင့် အသံထွက်၍ရယ်လိုက်မိသည်။ဒီခလေးဟာလေ...

"မသိဘူး...သွားဗျာ~"

"ဟော...မသိဘဲဘာလို့အဲ့လိုမျိုးပြောရတာတုန်း?
နောက်တစ်ခါ အဲ့လိုမျိုးဟောဒီ့က ခလေးလေးရဲ့ နှုတ်ခမ်းဖျားက ထွက်ရဲထွက်ကြည့် စကားထပ်ပြောလို့မရအောင်ကို နမ်းပစ်မှာ"

"ဟွန့်!"

ကျောပေးထားသည့်ခလေးကို မေးဖျားလေးကနေ ဆွဲကိုင်၍ ကျွန်တော့်ဘက်လှည့်စေလိုက်ပြီး နှုတ်ခမ်း
လေးကို လက်နဲ့တို့ထိ၍ ပြောလိုက်တော့ မျက်စောင်းလေးခဲလာလေသည်။

"လာအိပ်ရအောင် ညဥ့်နက်နေပြီ"

အိပ်ယာပေါ်လှဲအိပ်ပြီး ဆန့်ထားသည့်လက်ကို ပုတ်ပြလိုက်တော့ အလိုက်သင့်လေး ပုခုံးပေါ်ခေါင်းတင်၍ ရင်ခွင်ထဲဝင်လာသည့် ခလေး ကြောင့် ပြုံးလိုက်မိသည်။

*****************************
"ကိုကို အဲ့မိန်းမ နဲ့ရုပ်ရှင်တွဲမရိုက်နဲ့!"

"ခလေးကလည်းကွာ ကိုယ်က Director လေ ရိုက်ရမှာက မင်းသားနဲ့ နောက်ပြီးသူနဲ့ကိုယ်နဲ့က မပတ်သတ်တော့လည်းကြာပြီကို "

"ဘာခလေးကလည်းကွာလဲ!မလိုချင်ဘူး ဘာဆင်ခြေမှမလိုချင်ဘူး! အဲ့မိန်းမ နဲ့မရိုက်နဲ့ဆိုမရိုက်နဲ့ ဒါဘဲ! အဲ့တာကိုမှ
စကားနားမထောင်ရင် အပြတ်ဘဲ"

Selfish love (one shot)Where stories live. Discover now