157+158+159

1.1K 167 1
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၅၇
(အင်မော်တယ်ဘုံမှ အင်မော်တယ်)

ရှူး

လူတိုင်း လေအေးတစ်ရှိုက် ရှူသွင်းကာ သက်ပြင်းရှည်တစ်ချက် ချမိလိုက်ကြသည်။

သူတို့သည် အလွန်ကြောက်လန့်နေကာ ကြက်သီးမွှေးညှင်းများ ထ လျှက် ရှိသည်။

ထို့နောက် သူတို့ မြင်လိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်ကာ မိမိ မျက်လုံးများကို မိမိ ခပ်ကြမ်းကြမ်း ပွတ်နေကြ၏။

ကောင်းကင်မှာ အပေါက်ကြီး ဖြစ်သွားပြီ

သူတို့သည် အပေါ်သို့ မော့ကြည့် လိုက်ကြရာ ကောင်းကင်ဘုံမြူနှင်းများသည် ထိုအပေါက်မှ
ကျဆင်းလာသည် ကို မြင်လိုက်ရ၏။ ထိုအပေါက်ကြီးတွင် ပန်းပွင့်များ မြက်ခင်းများ ပြည့်နေသည်။ ကြည့်ရသည်မှာ နိဗ္ဗာန်ဘုံနှင့် တူလေသည်။

အင်မော်တယ်ကမ္ဘာရဲ့ အထက်ဘုံ .

ထိုနေရာသည် အင်မော်တယ်ကမ္ဘာ၏ အထက်ဘုံ ဖြစ်သည်။

လူအများသည် အသက်ကိုပင် ကြိုးစားပမ်းစား ရှုနေရသည်။

တစ်ချိန်တည်းမှာပင် သူတို့အလွန် ကြောက်လန့် နေကြသည်။ လက်ရေးမူသည် သွေးဓါးရှည် အဖြစ် ပြောင်းသွားကာ ကောင်းကင်ကို အပေါက်ကြီး တစ်ခု လုပ်ပစ်လိုက်သည်။ ၎င်းက မည်မျှ အင်အားကြီး လိုက်လေသတည်း။

" ဂလု "

လျူရှင်းဟီ တံတွေးကို ကြိုးစား မျိုချ နေရသည်။ သူ့လည်ချောင်းများက ခြောက်ကပ်နေကာ
ဦးနှောက်မှာ မူ ဟာလာဟင်းလင်း ဖြစ်သွားပုံရ၏။ သူ့ကြည့်ရသည်မှာ အလွန်အမင်း ထိတ်လန့် ဆွံ့အ နေဟန်ရသည်။

ဘာ...ဘာတွေ ဖြစ်သွားတာလဲ

ဖြစ်ပျက်သွားသည့် အရာများအား သူ့ဦးနှောက်မှ  လိုက်မမှီတော့ချေ။

"  လျူရုရှန်း ငါ့သားရယ်...မင်း ဘာတွေများ လုပ်ခဲ့တာလဲ  မင်းဘာဖြစ်လို့  ကြောက်စရာကောင်းလွန်းတဲ့ လူတစ်ယောက်ကို စော်ကားခဲ့ရတာလဲကွာ..."

ဂူချင်းချန် နှင့် အခြားလူများသည်  လျူရှင်းဟီကို မသိကျေးကျွန် ပြုနေကြသည်။ သူတို့၏ အာရုံသည် ကောင်းကင်ဘုံ အပေါက်ကြီး အပေါ်တွင်သာ ရှိနေ၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now