13

8.2K 767 17
                                    

(U)

Ep(3)Highlight~
ပထမဆုံး အခွင့်ထူးခံလူသားလေး

✰♪✰♪✰♪

မနက်အိပ်ယာနိုးတော့ အလင်္ကာတို့နှစ်ယောက်လုံး
ဇက်တွေ နာနေကြသည်။
တစ်ဖတ်တည်းကိုပဲ စောင်းပြီး
အိပ်ထားကြတာမို့ အုံးလွဲလုနီးနီးတောင်ဖြစ်သွားကြသည်။
ဒီလောက်နာထားတဲ့အပြင်
တစေ့မျက်နှာက ကာကာ့ပုခုံးပေါ်ကို
တစ်ညလုံး ဖိကပ်ပြီး အိပ်ထားတာကြောင့်
အရေပြားပါးတဲ့ကာကာက လည်ပင်းနဲ့ပုခုံးကြားမှာ
လက်နဲ့နာနာပွက်ထားသလို
အနီရောင်အကွပ်ကြီးက ထင်းပြီးပေါ်နေသည်။
အဲ့အကွပ်ကြီးကို မြင်တော့ အလင်္ကာ
တိတ်တိတ်လေး ကြိတ်ဆဲဆိုလိုက်ပါသေးသည်။
ပြဿနာကြီးကြီးမားမားတော့ မရှာဖြစ်ခဲ့။

သူ့ကို ပြဿနာမရှာ ဆဲဆိုတာတွေမလုပ်လို့
တစ်ယောက်တည်း နေမထိထိုင်မသာဖြစ်နေတာက
မြဲတစေ တစ်ယောက်ပင်။
အလင်္ကာက ထူးဆန်းနေသည်။
ပုံမှန်ဆို သူဇက်နာနေတာက မိမိကြောင့်ဆိုပြီး
အပြစ်တင်မယ့်လူက အခု အေးအေးလူလူ
နေနေပြီး
ပုခုံးက အနီကွပ်နဲ့ပတ်သပ်ပြီးလည်း
ဘာစကားမှ ပြောထွက်မလာပေ။
အဲ့လိုလုပ်နေလို့ စိတ်ဆိုးနေတဲ့ အမူအရာလားဆိုလည်း
မဟုတ်ပြန်ဘူး။
ဒီအကောင်ပေါက်လေး ဘာတွေတွေးနေလဲဆိုတာ
တစေ လုံးဝမစဥ်းစားမိတတ်ဘူး ဖြစ်နေသည်။

"တစေ ငါအရင်သွားနှင့်တော့မယ်
မင်းထွက်လာရင် တံခါးကိုသေချာပိတ်ခဲ့"

တစေခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲနေကျန်ခဲ့လိုက်သည်။
ဒီကောင်လေးက တကယ်ကို ထူးဆန်းနေတာ။

ကျူရှင်ကနေကျောင်းရောက်တဲ့အထိ
အလင်္ကာက တစေ့ကို ပုံမှန်အတိုင်းပဲ
ပြောဆိုဆက်ဆံနေသည်။
တစေ ထင်တာက ဒီကောင်လေး သူ့ကိုပြန်ကြိုက်ဖို့
စီစဥ်နေတာများလားပေါ့။
မဟုတ်တောင် အလင်္ကာ့ကို သီချင်းဆိုသိပ်တုန်းက
သူတွေးမိနေသေးသည်။
ဒီကောင်လေးကို စစပြီးတွေ့တုန်းက
သူဖြဲခြောက်ပြီး အဖြေတောင်းလျှင် ရနိုင်မည်လို့ထင်ခဲ့ပေမယ့်
တကယ့်တကယ်ကျတော့ ကောင်လေးက အတော်လေးခေါင်းမာလွန်းသည်။
အဲ့နောက်ပိုင်း သိရတာက သူ အလင်္ကာ့ဆီကနေ
အဖြေကို လွယ်လွယ်ကူကူနဲ့
မရနိုင်ဘူးဆိုတာကိုပဲ။
အဲ့အတွက် တစေ ဝမ်းနည်းလားဆိုတော့
မနည်းပါဘူး။
ဒီအသက်အရွယ်မှာ အဖြေပြန်မပေးတာကိုတောင် တစေက ဝမ်းသာနေသေးသည်။
ဆယ်တန်းပြီးမှ အတည်တကျ အဖြေတောင်းမည်ဟု တစေ ဆုံးဖြတ်ထားသည်။
ဒါပေမယ့် အလင်္ကကာက အခု သူ့အပေါ်အတော်လေး အမြင်ကြည်နေတော့ တစေစိတ်ထဲ ခုလုခုလုလေးတောင် ဖြစ်သွားရသည်။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Where stories live. Discover now