vow-13

3.3K 313 18
                                    

Zawgyi //

" အဖိုးပြောတာတွေ ကိုယ် အပြတ်ငြင်းလိုက်ပြီ ငယ် ။ အခု ကုမ္ပဏီအသေးလေးတစ်ခုနဲ့အစပြုပြီး ကိုယ် ထူထောင်ကြည့်ချင်တယ် "

ထယ်ယောင်းရဲ့အိမ်ရှေ့ခန်းကျဉ်းကျဉ်းလေးက သူတို့ဘဝအတွက်အရေးပါတဲ့တိုင်ပင်ရာ meeting room လေးအဖြစ်တော့ အသုံးဝင်ခဲ့သေးတာပဲ ။

" ကြိုးစားကြည့်လေ ။ မင်း လုပ်နိုင်မယ်ဆိုတာ ငါသိတာပဲ ။ အထောက်အကူဖြစ်မလားတော့မသိပေမယ့် ငါ့မှာစုထားတာ ဝမ်သိန်းငါးဆယ်လောက်တော့ ရှိမယ်ထင်တယ် "

ထယ်ယောင်းကပြောရင်း တို့ဟူးနွေးကို ခရင်းနဲ့ကလော်ကာ ပါးစပ်ထဲထည့်လိုက်သည် ။

" အဲ့ဒါ ငယ် ကျောင်းဆက်တက်ဖို့စုထားတာမဟုတ်လား ။ ငယ်ပဲသိမ်းထားလိုက်ပါ ။ ကိုယ့်ဘာသာကြည့်လုပ်လိုက်ပါ့မယ် "

" ငါကျောင်းတက်မှပြန်ပေးပေါ့ ။ မဟုတ်လည်း မင်းက ကျောင်းထားပေးလေ ။ ငါတို့က အတူတူနေ နေကြပြီပဲဟာ "

အကြင်နာပိုသည့်မျက်ဝန်းတွေနဲ့ကြည့်ရင်း ဂျောင်ကုကပြုံးသည် ။

" သေချာတာပေါ့ ။ ကိုယ်က ငယ့်ကို ကျောင်းထားပေးမှာ "

" မင်း ကတိနော် "

" ဆယ်ခါပြန် ကတိ "

လက်ဆယ်ချောင်းထောင်ပြီး ပြောလိုက်တော့ ငယ်က မျက်စောင်းလေးထိုးပြီး ပြုံးသည် ။

" ခဏနေရင် မင်းနဲ့အတူ သွားစရာနေရာရှိတယ် ဂျွန် "

ဘာမှပြန်မပြောဘဲ ခေါင်းလေးသာညိတ်ပြမိသည် ။

ခဏကြာတော့ငယ်က polo shirt အနီရောင်လက်ရှည်ကို ခဲရင့်ရောင် style pant လေးနှင့်တွဲဝတ်ကာ ဆံပင်ကိုသပ်သပ်ရပ်ရပ် gel နှင့်အပြောင်သိမ်းတင်ထားသည် ။ အခုလိုကျတော့လည်း ငယ်က ခန့်ပြီးတကယ်ချောသည် ။

" အဝတ်မလဲတော့ဘူးလား "

" ဟင်.. အော.. အခုပဲလဲလိုက်မယ် "

ရှူးဖိနပ်အဖြူရောင်လေးကိုစီးပြီး ကြိုးချည်ရင်း လှမ်းမေးလာတဲ့ငယ့်ကို အယောင်ယောင်အမှားမှားနှင့်သာ ပြန်ဖြေမိသည် ။ ဂျောင်ကုက အတော်လေးရောဂါကြီးသည် ။

' VOW '  ( completed )Место, где живут истории. Откройте их для себя