UNICODE
“"သေချင်ရင်စိန်မစားနဲ့သံဖြူဇရပ်ကိုသွားတဲ့"
အဲ့တာကိုမင်းဘယ်လိုနားလည်လဲ မြတ်”ဇေယျမင်းမြတ် သူ့အရှေ့ကလူကြီးပေါက်စကိုအသဲတယားယားဖြင့်ကြည့်နေဆဲ ထိုလူသားဆီမှအမေးစကားကြားတော့ခေါင်းကုတ်စဉ်းစားရချေပြီလေ ဘယ့်နှယ့်ကိုယ်ကခုမှဒီမြို့ရောက်လာတဲ့သူလေ ဒါကိုမြို့ခံဖြစ်တဲ့လူသားလေးကဘာမှမရှင်းပဲကိုတန်းမေးတော့ဖြေစရာတို့မရှိတော့
မြတ် တို့ခုလက်ရှိ သံဖြူဇရပ်မြို့ရဲ့သေမင်းတန်ပြတိုက်အဝင်ဝမှာ ချစ်ရသူလူသားလေးကကျောင်းနားရက်မို့မွေးရပ်မြေကို
ပြန်မယ်ဆိုတော့တစ်ခါတည်းလိုက်လာတာဖြစ်သည်ကောင်းမြတ်သူဆိုတဲ့သူ့ရဲ့လူကြီးပေါက်စကို
ရန်ကုန်တက္ကသိုလ် သမိုင်းမေဂျာမှာစ တွေ့သည်
အဂ်လိပ်မေဂျာနဲ့သမိုင်းအလှမ်းဝေးပေမယ့်ဖူးစာလို့ဆိုရမလားနှလုံးသားချင်းနီးနေလို့လားမသိ သမိုင်းကိုဆိုလေ့လာရမှာပျင်းလွန်းတဲ့ဇေယျကသမိုင်းကြောင်းကိုချစ်မြတ်နိုးတဲ့ ထိုလူသားနဲ့မှချစ်ခြင်းအစပြုရင်ခုန်သံတို့လှုပ်ခုန်ခဲ့ရပြီ“ငါမေးနေတာဖြေဦးလေ မြတ်”
ဟော ထိုလူသားကကိုယ်ကသူ့ကိုဂရုမစိုက်ဘူးအထင်နှင့်ဆူပုပ်လျက်စိတ်ကောက်ချေပြီ
“အမ်..ကိုယ်မသိဘူးလေ ကိုယ်ကအဲ့ဒါတွေလေ့လာရမှာပျင်းတယ် ပြီးတော့ခုမှရောက်ဖူးတာလေဗျာ”
“ဟွန့်..မင်းကအမြဲအဲ့လိုပဲ ဘာမေးမေးကိုမရဘူး၊မသိဘူးဆိုတာနဲ့ပဲ”
“ဟောဗျာ..ကိုယ်ကမသိတော့ဟော့ဒီကလူကြီးပေါက်စလေးကရှင်းပြပေါ့ ခုကဧည့်သည်ကိုပြန်ငြိုငြင်နေတာလား”
စိတ်ကောက်သွားတဲ့ချစ်ရသူကိုဖက်ရင်းချော့ပြောတော့
“လာ..ပြတိုက်ထဲအရင်ဝင်ရအောင် အဲ့မှာရှင်းပြမယ်”
ပြောရင်းအရှေ့ကနေကော့တော့ကော့တော့ဖြင့်ထွက်သွားသည့်သူကိုကြည့်ရင်းအသဲယားမိသည်
*ဟက်!ချစ်ဖို့ကောင်းလွန်းတယ်*
------------------------------------------------
မြတ်နှင့်ကောင်း ပြတိုက်ထဲမရောက်မှီလမ်းတစ်လျှောက် ရထားလမ်းပြတ်တစ်ခုကိုတွေ့ရသည်
ထိုလမ်းမှာ ဂျပန်စစ်သားများကသေနတ်များကိုင်ကာမတ်တပ်ရပ်လျက်၊တစ်ချို့ကလက်ညှိုးထိုးကာအော်ဟစ်ခိုင်းဆိုနေသည့်ဟန်များနှင့် အလုပ်သမားတစ်ချို့ကမနိုင်မနင်းပင်ပန်းကြီးစွာရထားလမ်းဖောက်နေပုံကိုထွင်းထားသည်မှာ အသက်ဝင်လွန်းသည်
ထိုပုံများကြောင့်မြတ်လည်းသေမင်းတမန်မီးရထားလမ်းရဲ့
သမိုင်းကြောင်းကိုစိတ်ဝင်စားလာပြီ
YOU ARE READING
သေချင်ရင်စိန်မစားနဲ့ သံဖြူဇရပ်ကိုသွား
Historical FictionBL one short Travel Types for knowledge