အပိုင်း - ၂၅ ( မုစံအိမ်ကလူတွေ ဒီကိုရောက်လာနေကြပြီ )
{ ဗိုက် အရင်သွားဖြည့်ရအောင်ပါ }
ညဥ့်နက်လာသည်နှင့်အမျှ မီးပုံးပွဲတော်ရှိ လူအုပ်သည်လည်း တဖြည်းဖြည်းကျဲပါးလာသည်။ ဝမ်းလျိုနျဲန်နှင့် အပေါင်းအပါတစ်ဖွဲ့လုံးလည်း ကျောက်ယွဲ့နှင့်လုကျွေးအား နှုတ်ဆက်စကားဆိုကာ နောင်အခါလည်း ရုံးတော်သို့ မကြာခဏအလည်လာကြရန် အားတက်သရော ဖိတ်ခေါ်ကြိုဆိုခဲ့သည်။ လုကျွေးက သကြားပန်းချီအရုပ်ချောင်းကို ကိုင်ကာ ပြုံးလိုက်၏။
"သေချာတာပေါ့ဗျာ"
ဝမ်းလျိုနျဲန်က သူ၏ ဝါဂွမ်းထည်အထူအား ပိုပြီးတင်းကျပ်သွားအောင် ခြုံဝတ်လိုက်သည်။
"ဟုတ်၊ နှုတ်ဆက်ပါတယ်။ အပြန်လမ်းကျ သေချာပြန်ကြဦးနော်"
ကျောက်ယွဲ့ - "အင်း"
ကျွေ့ယင်တပ်သားများ၏ မျက်လုံးများမှာ မျှော်လင့်ချက်အရောင်များနှင့် တဖျတ်ဖျတ်တောက်ပနေကြသည်။
အာ....နောင်ကြီးတို့က တကယ်ကိုပဲ မခွဲနိုင်မခွာရက် အငွေ့အသက်စိတ်လေးတွေ သမ်းနေတဲ့ မျက်နှာလေးနဲ့ ခံစားချင်အပြည့်ပါတဲ့ ပွေ့ဖက်နှုတ်ဆက်မှုလေးတောင် မလုပ်ဖြစ်တော့ဘူးပေါ့။
ကျောက်ယွဲ့ကမူ မြင်းပေါ် တက်စီးလိုက်သည်။
ကျွေ့ယင်တပ်သားများမှာ လွန်စွာမှ စိတ်ပျက်သွားကြ၏။
ဝမ်းလျိုနျဲန်ကမူ ရပ်နေကျနေရာတွင်သာ ရပ်ရင်း ပြုံးပြခဲ့သည်။ သူ့မြင်ကွင်းထဲမှ ထိုသူနှစ်ယောက် ပျောက်ကွယ်သွားသောအခါမှသာ ရုံးတော်သို့ ပြန်သွား၏။
*****
ကျောက်မုကမ်းပါးအောက်ခြေဝယ်။
ခေါင်းဆောင်နှစ်ယောက်ပြန်လာသည်ကို တွေ့သောအခါ အစောင့်ငယ်သားများကလည်း စခန်းတံခါးကို ဖွင့်ပေးလိုက်ကြသည်။
ကျောက်ယွဲ့က လုကျွေးအား ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေသောအသံနှင့် ပြောလာ၏။
"မင်း အဲ့လိုဟာတွေ ကြိုက်တတ်တယ်လား"
"အကြိုက်ကြီးတော့လည်း မဟုတ်ပေါင်ဗျာ"
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...