Chapter - 89

3.1K 571 13
                                    

Unicode

ဘယ်ရီသီးချဉ်ကိတ်
___________________

သူတို့က အိမ်အသစ်မှာမြန်မြန်ပင်နေသားကျသွားတော့သည်၊ အထူးသဖြင့်ထောင်ထောင်ပင်။ သူက အတော်လေးငယ်သေးပြီး မိဘမဲ့ဂေဟာမှာ လူတွေအများကြီးနဲ့ကြီးပြင်းလာခဲ့တာဖြစ်လို့ သူက သူ့ပတ်ဝန်းကျင်အသစ်မှာ အလျင်အမြန်ပင်ကျင့်သားရသွားသည်။ တစ်နေ့ခင်းတည်းမှာတင် သူက ရှန်အိမ်ရဲ့ အဘိုးအဘွားတွေ၊ ဒေါ်လေးတွေ၊ ဦးလေးတွေနဲ့ရင်းနှီးသွားတော့သည်။ အားလုံး သူ့ကိုချီလို့ရပြီး သူက သူတို့ကို ညီတူမျှတူချစ်သည်။

မေမေရှန်က ဖြူဖြူလုံးလုံးမြေးလေးကိုလက်ကမချနိုင်တော့ဘဲ သွားလေရာ‌ချီသွားသည်။ ဖေဖေရှန်က ထောင်ထောင်ကစားလို့ရနိုင်မယ့်ကစားစရာတချို့ကို မေမေရှန်ဝယ်လာတဲ့အရုပ်ပုံကြီးထဲကနေရွေးထုတ်ပြီး တစ်ချိန်လုံးပြုံးကာ ထောင်ထောင်နဲ့အတူကစားသည်။

ရှန်ဖူရောလင်ရှုယီပါ အတော်လေးပျော်နေကြသည်။ မေမေရှန်နဲ့ဖေဖေရှန်က ကလေးဒီလောက်ချစ်လိမ့်မယ်လို့ သူတို့မထင်ထားခဲ့ချေ။

ဖိုးဖိုးရှန်က ကလေးတွေကိုဂရုစိုက်တာမှာအတွေ့အကြုံသိပ်မရှိတာမို့ သူက ဝင်မပါပေ။ ထိုအစား သူက ကောင်ပေါက်စလေးရှောင်ယွီ့ကိုခေါ်ကာ ထုတ်မပြပေမယ့်လည်း ရှောင်ယွီ အဘေးလို့ခေါ်တာကို သဘောတကျနားထောင်နေ၏။ အန်တီရှန်ကလည်း ထောင်ထောင့်ကိုချီချင်ပေမယ့် သူမရဲ့အခြေအနေကြောင့် ဘယ်သူကမှသူမကိုချီခွင့်မပြုတာမို့ သူမကလည်း ရှောင်ယွီ့ဘေးနားနေကာ ဖိုးဖိုးရှန်နဲ့အတူ သူမိဘမဲ့ဂေဟာမှာနေတုန်းကအကြောင်းတွေမေးသည်။

လင်ရှုယီနဲ့ရှန်ဖူက အချင်းချင်းကြည့်လိုက်ကြ၏။ ဒီမြင်ကွင်းက နှလုံးသားကိုတကယ်နွေးထွေးစေသည်။

မေမေရှန်ဝယ်လာတဲ့ပစ္စည်းတွေက ဆိုဖာပေါ်မှာပဲရှိသေးသည်။ လင်ရှုယီက လျှောက်ကြည့်လိုက်ပြီး မဝယ်ရသေးတဲ့ပစ္စည်းတချို့ရှိနေတာကိုသိသွားသည်။ မေမေရှန်က ကလေးတွေရဲ့လိင်အမျိုးအစားနဲ့အသက်ကိုမသိတာမို့ အဝတ်အစားတွေဝယ်မလာ‌ပေ။  လင်ရှုယီတို့နှစ်ယောက်က စူပါမားကတ်ကိုတစ်ခေါက်ထပ်သွားပြီး လိုအပ်တာတချို့ဝယ်ဖို့ဆုံးဖြတ်လိုက်ကြသည်။

I'm a Chef in the Modern Era [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin