Unicode
"Baby....ရေသောက်"
မျက်နှာရှေ့ ရေဗူးကြီး လာထိုးပေးကာ ရေသောက်ဖို့ပြောနေသည့် ဒန်နီယယ့် ကိုကြည့်၍ ရဝေမျက်မှောင်ကြုံ့လိုက်မိသည်။ ကျောင်းပိတ်ရက် ဖြစ်သည်ကြောင့် အပြင်လျှောက်လည်ကြဖို့ပြောသည့် ဒန်နီယယ် ကို ရဝေ ကြည်ဖြူစွာလက်ခံခဲ့သည်။ အသစ်စက်စက် ရည်းစားလေးနှင့် ပျော်ရွှင်စွာ date လုပ်ရင်း အချိန်တွေဖြတ်သန်းဖို့ စိတ်ကူးခဲ့ပေမယ့် ဒန်နီယယ်လုပ်ပုံနှင့် ရဝေ ၏ romantic ဆန်ဆန်စိတ်ကူးတို့ပျောက်လုနီးပါးပင်ဖြစ်နေရ၏ သကောင့်သားက မိုးလင်းတည်းက အိမ်ကသေချာထုပ်ပိုးလာသည့် ရေဗူးတစ်ဗူးကို ဆယ်မိနစ်ခြားတစ်ခါ လာလာတိုက်နေသည်လေ။ ရေမဆာသေးလို့ မသောက်ပါဘူး ဆိုသည်ကိုပင် မရမက သောက်ဖို့လာလာပြောနေသည်ကြောင့် ရဝေ ဒီကပြားကောင်ကို တဖြည်းဖြည်းသံသယ၀င်လာပြီဖြစ်သည်။ ပိုဆိုးသည်က ဒီကလန်ကလား ကပြားကောင်သည် သူ့အိမ်ကယူလာသည့်ရေဗူးကိုလက်ကလုံး၀မချခြင်းပင်။
"ဒန်နီယယ်"
"ဟမ်"
"မင်းငါ့ကိုရေသောက်ခိုင်းနေတာ ၇ ခါရှိနေပြီနော်"
"Baby ရေဆာနေမှာစိုးလို့"
ရဝေ့ ကိုတည့်တည့် မကြည့်ပဲ မျက်နှာခပ်လွှဲလွှဲ ပြောနေသည့် ဒန်နီယယ် ကို ရဝေမျက်လုံးများမှေးကာ ကြည့်လိုက်သည်။
"မင်းအရင်သောက်ပြ"
ရဝေစကားအဆုံး အလန့်တကြား ရဝေ့ဘက်ဆတ်ကနဲလှည့်ကြည့်လာသည့် ဒန်နီယယ်ကို ရဝေခပ်တည်တည်ပင်စိုက်ကြည့်ပေးလိုက်သည်။
"သောက်လေ"
ထပ်ပြောသည့်အခါ ချိတုံချတုံဖြစ်နေသည့် ဒန်နီယယ့်ကို ရဝေ စိတ်မရှည်တော့။ ထို့ကြောင့် ဒန်နီယယ့်လက်ထဲမှ ရေဘူးကိုဆတ်ကနဲဆွဲလုလိုက်သည်။
"ပေး....အဲ့ရေဘူး"
"Ba...baby"
ရေဘူးကိုယူကာ ကားတံခါးဖွင့်ဆင်းလာတော့ အနောက်မှ အသည်းအသန်ပြေးလိုက်လာ၏
"baby....ဘာ....ဘာလုပ်ဖို့လဲ"
"မင်းလည်း မသောက်နဲ့ ငါလည်းမသောက်ဘူး။ ဒီရေဘူးကိုလမ်းမှာ လိုက်တောင်းနေတဲ့သူတစ်ယောက်ယောက်ကိုလှူခဲ့မယ်"
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။