Zawgyi**
" ရှမ်းခေါက်ဆွဲက တကယ်စားလို့ ကောင်းတာပဲနော်... Danny ဒါဘယ်လိုချက်ရတာလဲ "
" မသိဘူးလေ... ငါမှမချက်တတ်ဘဲ "
ဆည်းက ရှမ်းခေါက်ဆွဲတစ်လုတ်ကိုစားရင်း ခေါင်းယမ်းကာ ဖြေလိုက်တော့ Loren ကမကျေနပ်သလို ပုံစံဖြင့် မျက်ခုံးတို့ကို တွန့်ချိုး၏။
" Danny spaghetti ကျ ကောင်းကောင်းချက်နိုင်တာကို "
Loren ၏ အပြောကြောင့် လွှမ်း၏ မျက်ခုံးတစ်စုံက ပင့်တက်သွားရရင်း မျက်လုံးအကြည့်တို့ကလည်း မျက်နှာချင်းဆိုင်၌ ထိုင်နေသောဆည်းနှင့် Loren ထံသို့ရောက်သွားရ၏။
ဆည်းက ဒီအီတလီကောင်ကိုလည်း spaghetti လုပ်ကျွေးဖူးသည်လား။
Lorenzo နှင့် ယှဉ်လျှင် သူကအလိုလိုဒုတိယဖြစ်သွားသလို လွှမ်းခံစားရ၏။ အခုလည်း ခါတိုင်းလွှမ်းထိုင်နေကျ ဆည်း၏လက်ယာဘက်မှ နေရာကို Lorenzo ကအပိုင်ဦးသွားတာကြောင့် လွှမ်းမှာ မျက်နှာချင်းဆိုင်၌ ထိုင်နေရသည်အဖြစ်။
လွှမ်းသဝန်တို၍ လိုက်ပြောပြန်လျှင်လည်း Lorenzo က " ခင်ဗျား Danny ဘေးမှာ တစ်သက်လုံးနေရမှာပဲ... ကျွန်တော့်ကို နှစ်ရက်သုံးရက်လောက် ငှားပေးတော့ ဘာဖြစ်မှာမလို့လဲ " ဟုပြောပေဦးမည်။
Loren စကားကလည်း မှန်နေတာကြာင့် လွှမ်းဘာမှအငြင်းမပွားလိုတော့။ ဒီတစ်ပတ်ပြီးလျှင် ဆည်းက သူတစ်ဦးတည်းပိုင်ပဲဟာ။ အလကားနေရင်း ဆည်းစိတ်တိုအောင် သူ့ထက် လေးနှစ်ငယ်သည့် မာဖီးယားစုတ်နှင့် ဖက်ပြိုင်မနေတော့ပေ။
ဆည်းကတော့ Loren ၏ စကားကို နှာခေါင်းရှုံ့လျက် ခေါင်းခါပြရင်း ပြန်ဖြေလာပါ၏။
" မင်းဘာသိလို့လဲ... အဲ့ Marco ဆိုဆဲ့သူက တစ်ချိန်လုံး spaghetti ပဲချက်နေတာ... ငါလည်း တွေ့ရတာများတော့ ကူလုပ်ပေးရင်းနဲ့တတ်သွားတာပဲ "
" ဟားဟ... Danny ပြောသလိုဆို ကျွန်တော် ရှမ်းခေါက်ဆွဲချက်တတ်ဖို့ ဒီမှာ ငါးနှစ်လောက်နေရမလိုဖြစ်နေပြီ "
" မင်းသိချင်တယ်ဆို ကြီးနန်းကို ငါမေးပေးမယ်လေ..."
" တော်ပါပြီ... စကားအဖြစ်ပြောတာပါ... ချက်နည်း သိတယ်ထားပါတော့ ပစ္စည်းတွေက ဘယ်ကရမှာလဲ... နောက်ပြီး ဒီကအရသာလောက်လည်းကောင်းမှာ မဟုတ်ဘူးလေ "
KAMU SEDANG MEMBACA
Twilight ( Zaw+ Uni )
RomansaZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "