လူမှန်းမသိတတ်စအရွယ်တည်းက အဖေ ကျမကိုအရမ်းချစ်ပေးခဲ့တယ် အမေကတော့ လူတမျိုး ကျမအထင်ကြောင့်လည်းဖြစ်နိုင်ပါတယ် သူကအချစ်ကိုမဖော်ပြတတ်သူလား ဆိုတာတော့ ကျမ မပြောတတ်ဘူး
အမြဲအေးစက်စွာ တုံ့ပြန်တယ် အထူးသဖြင့် ကျမကိုပေါ့ ဘာလို့လဲသိချင်တယ်သူနဲ့အနီးမှာမထားဘူး အမြဲအဖွားအိမ်ပို့တတ်တာကြောင့် ကျမကလေးဘဝထဲက အဖွားနဲ့ အန်တီလေးကို ပိုသံယောဇဥ်တွယ်လာမိတယ် သူတို့ကနွေးထွေးတယ် ဂရုစိုက်တယ်
သူများတွေပြောတာကြားဖူးသလိုပဲ ဆွေမျိုးဆိုတာ ရွှေရှိမှ အမျိုးတော်တာတဲ့
ကျမအတွက်တော့ မမှန်ပါဘူး သူတို့က
ကျမရဲ့ကလေးဘဝလေး ပျော်ရွှင်အောင်
လုပ်ပေးခဲ့တယ်ကျမ စာအရမ်းမတော်ပေမယ့် အန်တီလေးက သင်ပြပေးလို့ အဆင့်တွေတက်လာပြီး
Aခန်းရောက်သွားတယ်အဖေကတော့ ပျော်နေတာပဲ အမြဲ မုတ်ဆိတ်မရိတ်ထားဘဲ အနည်းငယ်ပေါက်နေတဲ့ အတိုအစလေးတွေနဲ့ သူ့သမီးပါးလေးကို
နမ်းတယ် ကျမက စူးတော့လက်နဲ့အတင်း
ဖယ်ပစ်တာပေါ့ အဖေက အရမ်းချစ်တာ
ဘယ်လောက်ထိလဲဆို ၃တန်းထိ ကိုယ်တိုင်
သမီးကို အီးကုန်းပေးတုန်း 4တန်းအထိ ကျောင်းကို စက်ဘီးနဲ့လိုက်ပို့ပေး အသွားအပြန် မုန့်တွေဝယ်ကျွေး သူ့သူငယ်ချင်းတွေရှေ့ရောက်ရင် စတတ်တဲ့
သူတို့ကြောင့် အဖေသဝန်တွေတိုတတ်သေးတာ ငါ့သမီးယောကျ်ားမယူရဘူး
အဖေက အကြာကြီး ရှာကျွေးမှာတဲ့
တခါငိုရင် ရပ်ကွက်ထဲက အမြင်ကတ်တဲ့ထိ
ငိုတဲ့ကျမကို သူများတွေက အာဗြဲစိန် မဆိုပြီး
ခေါ်ပေမယ့် အဖေကလေ ငါ့သမီး
ဖြူစင်ဝင်းသိန်း က ဖြူဖြူကျော်သိန်းလို
အသံကောင်းတာ ဆိုပြီး ချော့ရှာတယ်အမေကတော့ ငိုရင်ရိုက်တယ် အသံထွက်ရင်ပိုရိုက်တယ် သူရှက်တယ်တဲ့ ကျမကြောင့်
တခါမှ ချိုချိုသာသာ နွေးနွေးထွေးထွေး
သမီးလို့ အခေါ်မခံရဘူး အခုထိပဲ
နာမည်အရင်းကိုပဲ အော်ခေါ်တယ်
အိမ်အလုပ်ကူလုပ်ပေးရင် မထိနဲ့ မကိုင်နဲ့
မကြိုက်ဘူး လာမလုပ်နဲ့ ကွကိုနေဆိုပြီး
နှင်တတ်တယ်
ကျောင်းမှာအဆင့်တက်တော့ မချီးကျူးခဲ့ဘူး ကျမကတော့ အသိအမှတ်ပြုစေချင်လိုက်ရတာ
ဘယ်ဘဝက အမုန်းတွေလဲတော့မသိပါဘူးကျမ ၅တန်းရောက်တော့ အမေက ကိုယ်ဝန်ရှိလာတယ်
အဲ့အချိန်မှာ ပိုပြောင်းလဲသွားသလိုပဲ
အဖေကတော့ ကျမကို ချစ်မြဲ အလိုလိုက်ဆဲ
၇လကြာတော့ မောင်လေး ထူးထူးကို
မွေးတယ် ကျမနဲ့ ၁၀နှစ်ကွာတယ် စနေသား
ကျမက ကြာဿပတေး လုံးဝမတည့်တဲ့
နေ့နံဆိုတာ အရင်ကမယုံပေမယ့် တကယ်ဖြစ်လာတော့ ယုံသွားတယ်အမေက သူ့သားကိုဆို အထိမခံ သဲသဲလှုပ်
ကျမကိုဆို ရှိတယ်တောင်မထင်တော့
အဖေကတော့ အကုန်လုံးအပေါ်ချစ်တယ်
နောက်ပိုင်း အဖေအလုပ်ကိစ္စနဲ့ ရခိုင်ပြည်နယ်
သံတွဲမှာ အလုပ်သွားလုပ်ရတယ် အဲ့မှာပဲ
နေရတယ် ၃၊ ၄ လလောက်အကြာမှ ပြန်လာရတာမျိုး
အမေက ကျမအပေါ်ပိုအေးစက်လာတယ်
ကျမသိတယ် ၁၁နှစ်အရွယ်လေးနဲ့မလိုက်
အမေရဲ့ အချစ်မခံရမှုတွေကိုအသားကျ
နားလည်နေပါပြီ အဖေနဲ့တခါတလေ ဖုန်းပြောတဲ့အခါ ငိုမိတယ် သတိရလို့ အဖေ့ပုံ
လေးခေါင်းအုံးနား ထားပြီး အိပ်တဲ့အကျင့်
ရှိတယ် အမေကတော့ သူ့သားနဲ့ ကုတင်ပေါ်မှာအိပ်တယ် ကျမကတော့ ဘုရားခန်းရှေ့မှာ
ဖျာနဲ့စောင်ခင်းပြီး အိပ်တယ်အဖေပြန်လာရင်အိမ်အတွက်မုန့်တွေ
အများကြီးဝယ်လာတယ် ဓာတ်ပုံ ရိုက်ရတာ
ဝါဿနာပါတဲ့ဖေဖေက သူဟိုမှာနေတုန်း
ရိုက်လာတဲ့ ကမ်းခြေနားကပုံတွေရယ် ကောက်လာတဲ့ ခရုခွံလေးတွေပေးတိုင်း
ကျမအရမ်းပျော်တယ် အဖေကအရာရာပဲ
ကျမအတွက် အမြဲသူငယ်ချင်းမိသားစုတွေကို အားကျမိတယ် ကျောင်းလာကြိုတယ်
သူတို့အမေတွေ အရမ်းနွေးထွေးတာကိုး
ကျမကတော့ ၅တန်းကနေ ၁၀တန်းထိ
ခြေကျင် သို့မဟုတ် ကျောင်းဖယ်ရီကားနဲ့
သွားရတယ်
နွေကျောင်းပိတ်ရက်တွေဆို အမေက ကျမကို
အဖွားတို့အိမ်ပို့တယ် ကျမလည်းပျော်ပါတယ် အမေသူ့သားလေးနဲ့ပျော်နေတာမြင်လို့
ကျမ အကိုဝမ်းကွဲ မောင်ဝမ်းကွဲလေးနဲ့ အဖွားအိမ်မှာ ဆော့ကစားတယ် သူတို့က ကျမအတွက် ကလေးဘဝရဲ့အဖော်တွေပေါ့
အန်တီလေးက ကျမကြိုက်တာတွေနေ့တိုင်း
ချက်ကျွေးတာ အရမ်းစားလို့ကောင်းတယ်
အဖွားဆိုလည်း မုန့်ဖိုးတွေပေး အရုပ်ဝယ်ပေး
သိပ်ချစ်တာ အမျိုးထဲမှာ သမီးမိန်းကလေးက မရှိဘူး ကျမတစ်ယောက်ထဲ.
.
.
ဒီနေ့ည ကျမအရမ်းစိတ်ညစ်နေမိတယ်
အများကြီးလည်း ငိုထားတယ်
အဖေ့ကို သေလောက်အောင်လွမ်းတယ်
လောကကြီးကို စိတ်နာလာပြီ
ကျမအပေါ် သိပ်ရက်စက်လို့ တခါတခါ
ထွက်သွားချင်လာတိုင်း ကျမအရမ်း
သဘောကျရတဲ့ အသက်ရှင်နေရတဲ့
အကြောင်းအရင်း BTS လူသားလေး ၇ယောက်ကြောင့် ကျမဒီနေ့ထိ အသက်ရှူ
နေမိတာပါ
ကျမဘဝရဲ့ အလင်းရောင်လေး💜နောက်ဆက်ရေးပါ့မယ်
အခု မျက်လုံးတွေ အရမ်းအောင့်ပြီး
ဝါးလာလို့ ရပ်လိုက်တော့မယ်