part (36)

7.7K 570 17
                                    

"ဆူး...ကလေး ရရဲ့လား.." မြူ ဆူး ရဲ့နောက်ကျောပြင်လေးကိုလက်‌ချောင်းလေးဖြင့်ခပ်ဖွဖွလေး ထိကိုင်ရင်း ဆိုလိုက်လေသည်။

"ရပါတယ် အန်တီရဲ့..." ဆေးထည့်ထား တဲ့ ဒဏ်ရာတို့သည် အတော်ပင်ကျပ်နေချေပြီ ။

"အန်တီ ဒီနေ့ ကားသွားယူမှာမလား...ရပြီပြောတယ် "

"ဟုတ်တယ် ဆူး ရဲ့...အန်တီသွားယူမှာ ..." ဆူး အား အပေါ်ဝတ်အကျီလေးကိုလက်လျှိုစေပြီး မြူ ဆိုလိုက်လေသည်။
မြူ တို့ accident ဖြစ်ပြီးကတည်းက ကားကိုရုံသို့ပို့ထားရသည်‌လေ။

"ဆူး လိုက်ခဲ့ပေးရအုံးမလား..."

"မလိုက်ပါနဲ့တော့ အန်တီ့ဘာသာပဲသွားပါ့မယ်..."

"ဟုတ်ကဲ့..."
မြူ့စိတ်ထဲမတင်မ‌ကျဖြစ်နေ၍ အနည်းငယ်စုံစမ်းဖို့သွားရပေမည်။ မြူ့ အပေါ်ရှိတဲ့အညိုးတွေများ ဆူး အပေါ်ကျရောက်နေလေသလား ။

"‌ဟိတ်...သားလေး...ဒီခဏ..."

"ဟုတ်ကဲ့ အန်တီ...ဘာများအလိုရှိလို့ပါလည်း..."

"ဒီကားက .."ကား body ရုံအဝင်၌ တွေ့လိုက်ရသောကားကို မြူ ညွှန်ပြရင်းဆိုလိုက်သည်။

"ဟုတ်ကဲ့ အဲ့ကားက မနေ့ညကမှ လာပို့ထားတာပါ...မတော်တဆတိုက်မိတယ်လို့ပြောပါတယ်..."

"အော်...ဒါနဲ့ ကားပိုင်ရှင်ကိုသိလို့ရမလား.."

"အဲဒါကတော့ ကျွန်မတော်လည်းမသိဘူးခင်ဗျ..မန်နေဂျာလာမှပြောလို့ရမယ်ထင်တယ်..."

"ဟုတ်ပြီ ကျေးဇူးပါ..." မြူ ထိုကောင်လေး အပြောကြောင့် ထိုကားကိုအနည်းငယ် သံသယဝင်လာလေသည်။ ထိုကားအနက်ရောင်သည် မြူတို့အားတိုက်ခဲ့သောကားဖြင့်ချွတ်စွပ်တူလှပေသည်။ ကား၏ အရှေ့ပိုင်းသည် တစ်ခုခုကိုတိုက်မိခြင်း‌ကြောင့်အတော်အတန်‌ပျက်စီးနေလေသည်။

"အမ..."

"ဟော..ကေသီ အမ ကားလာယူတာ ပြီးပြီပြောလို့..."

"အမရယ် တကူးတကလာလို့ ကေသီတို့ကလာပို့ပေးမှာပေါ့..."

"လမ်းကြုံလို့ဝင်လာတာပါကွယ်..." မြူ မန်နေဂျာမလေးနဲ့ စကားပြောရင်း ထိုကားကိုစူးစမ်းလေဟန်တစ်ချက်ကြည့်မိပြန်သည်။

အန်တီ [ Complete ]Onde histórias criam vida. Descubra agora