vow-14

3.2K 299 10
                                    

Zawgyi //

" ကျေးဇူး ငယ် "

တောင်ကုန်းအငူလေးမှာပြောင်းထိုင်ရင်း ငယ့်လက်ကလေးကိုပါဆုပ်ကိုင်လိုက်သည် ။

" ဘာကိုလဲ "

" ငယ့်ရဲ့တန်ဖိုးရှိတဲ့ဆွယ်တာလေးကို ကိုယ့်ကိုအရင်ပေးဝတ်လို့လေ "

ခုနက ထယ်ယောင်းတိုးတိုးလေးပြောတာကို ဂျောင်ကုကကြားသွားတာဖြစ်ပုံရမယ် ။

" အဖွား.. အဖွားကိုယ်တိုင်ထိုးပေးခဲ့တဲ့ဆွယ်တာလေး ဂျွန့်ကို အရင်ပေးဝတ်လိုက်တာ အဖွားစိတ်မဆိုးဘူးမဟုတ်လား " )

ထယ်ယောင်းက ပြန်တွေးသလိုလေးစဉ်းစားပြီးမှ ခေါင်းညိတ်သည် ။

" အဲ့ဒါလား.. "

" အဲ့ဒါက အထွေအထူးမဟုတ်ပါဘူး ။ အဖွားကို အသိပေးရုံသက်သက်ပါပဲ ။ အဖွားက ငါ့ကိုအလိုလိုက်တယ်လေ "

ဂျောင်ကုက ပြုံးသည် ။ သူ့ရဲ့ကောင်ဆိုးလေးသည် ပေါ်လွင်နေတဲ့အရာကိုတောင်မှ မရမကဖုံးကွယ်ဖို့ကြိုးစားနေပြန်သေးသည် ။

" ကိုယ်တို့ ညနေမှ ပြန်မလား "

" မင်းဆန္ဒရှိရင်ပေါ့ "

ထယ်ယောင်းကပြောရင်း နောက်ကိုပက်လက်လှန်လှဲချပစ်လိုက်သည် ။

" ကိုယ့်လက်ငှားမလား "

" ဒီတိုင်းလေးလည်း သက်တောင့်သက်သာရှိပါတယ် "

ထယ်ယောင်းနည်းတူ ဂျောင်ကုလည်း မြေပြင်ပေါ်ကိုလှဲချလိုက်သည် ။ သို့သော်ထယ်ယောင်းလိုတော့မဟုတ် ။ ဘေးတစောင်းကိုမှ လက်ထောက်ပြီး ထယ်ယောင်းရဲ့မျက်နှာလှလှလေးကို ငေးကြည့်နေလိုက်သေးသည် ။

" ဂျွန်.. တစ်နေ့ကျရင် မင်းရော ငါ့ကိုထားခဲ့ဦးမှာလား "

မျက်လုံးတွေမှိတ်ထားရင်းပဲ ထယ်ယောင်းကမေးသည် ။ ထိုမေးခွန်းထဲမှာ စိုးရိမ်မှုအငွေ့အသက်တွေ တစ်စိတ်တစ်ပိုင်းပါဝင်သည် ။

" ငါ့ရဲ့ ပါပါးနဲ့မာမားနှစ်ယောက်လုံးက သူတို့မိသားစုအသစ်တွေကိုရှာပြီး ငါ့ကိုချန်ခဲ့ကြတယ် ။ အဖွားလည်း ငါ့ကိုထားခဲ့တာပဲ ။ အစ်ကိုဆောဂျွန်းရောပဲ .. ။ သူလည်း ငါနဲ့ဝေးရာကိုထွက်သွားခဲ့တာပဲ ။ အဲ့ဒါကြောင့် မင်းရော.. မင်းရောပဲလား ဂျွန် "

' VOW '  ( completed )Where stories live. Discover now