ကျဥ်းမြောင်းသောပြတင်းမှတိုးဝင်လာသည့်အလင်းရောင်ကိုသူနေသားကျနေပြီ။ ဥတုရာသီတိုင်းချမ်းအေးနေပေမယ့် သစ်ရွက်တွေတဖြုတ်ဖြုတ်ကြွေသောနွေလည်းကုန်ခဲ့ပြီ ထီးရောင်စုံတောက်ပမယ့်မိုးလည်းလင့်ခဲ့ပြီ နှင်းပွင့်ခြွေမည့်ဆောင်းလည်းတစ်ဖန်ပြန်လည်လာသည်။ ယခုဆို၂နှစ် ၂နှစ်ဆိုသည့်အချိန်အတိုင်းအတာတစ်ခုကတော်တော်ရှည်ကြာသည်။ ရာသီအလီလီပြောင်းလို့ သူ့ပုံစံလည်းအနည်းငယ်ပေစုတ်စုတ်နိုင်လာသည်။ ဆံပင်ရှည်လာ၍ ပိုပိန်သွားသလိုခံစားရသည်။ အသားကတော့မဖွေးလာသလိုညစ်မသွားပါ။ ဘေးတွင် skin careပေးမည့် yoongiရှိ၍နေလောင်ဒဏ်ပြန်ကုစားပေးခြင်းကို yoongiကစွမ်းစွမ်းတမံထောင်မှူးအားပစ္စည်းများမှာကာလုပ်ပေးသည်။ yoongi၏အာဏာရှိပုံသည် သူ့မိဘများနှင့်မကင်း၍ဖြစ်သည်။ ပြောပါသေးသည် သူတို့မိသားစုလည်းဥပဒေအထက်မှာရှိပါသည်တဲ့။ seokjinပြန်စဥ်းစားကြည့်မှ ယခင်က kimမိသားစုလည်းဥပဒေအထက်မှာတည်ရှိနေနိုင်သည့်အုပ်စုဖြစ်သည်။ ကင်ချောင်းဟိုလက်ထက်တွင်လည်းအထက်မှာရှိခဲ့သည်။ သို့သော်ခြားနားခြင်းကအသုံးချပုံကွာခြားခြင်းဖြစ်၏။ အခုကင်ချောင်းဟိုမရှိလေတော့ သူ့အမွေကိုကင်ဟာယန်းအပိုင်စီးထားလိမ့်မည်။ jiminပြောပုံအရ သူဒီထဲရောက်ပြီးတည်းက ကင်ဟာယန်းထူးထူးဆန်းဆန်းပေါ်မလာခဲ့။ အကုန်အဆင်ပြေပြေရှိသည်ကြားတော့ သူစိတ်အေးရသည်။ သို့သော်တစ်ယောက်သောသူတော့မပါ။ jungkook၏သတင်းကိုတစ်ယောက်မှမပြောကြ။ မေးဖို့ဆိုရာတွင် ကိုယ်ကတစ်ခန်းရပ်ခဲ့သူဖြစ်၍ဆွံ့အ နေခဲ့သည်မှာအမှန်။
"Seokjinသွားရအောင်"
Yoongi၏လှမ်းခေါ်သံကိုခေါင်းတစ်ချက်ငြိမ့်ပြ၍ နေရာမှထသည်။ ထူးဆန်းသည့်အရာကဒီနေ့သူတို့နှစ်ယောက်ဝတ်စုံများသည်ရိုးအီနေပြီဖြစ်သည့်ထောင်ဝတ်စုံများမဟုတ်တော့။ လက်ထဲတွင်များများစားစားမရှိသည့်အထုပ်ကိုယ်စီနှင့်ထွက်လာခဲ့ကြသည်။ သူတို့နှစ်ယောက်နောက်တွင် yoongiအားလိမ္မော်သီးဝယ်ပေးနေကျထောင်မှူးပါသည်။ နေ့စဥ်နှင့်အမျှထိတွေ့နေခဲ့သည့်ဒီလျှောက်လမ်းတစ်လျောက်လုံးဟာနောက်တစ်ခါမမြင်ချင်ဆုံးသောလျောက်လမ်းပါပဲ။ လမ်းအချိုးအကွေ့အရောက် တွေ့လိုက်ရသည့်မစိမ်းသည့်မျက်နှာ ဒဏ်ရာဒဏ်ချက်ပွန်းပဲ့ရာအနည်းငယ်သင့်နေသောမျက်နှာ အညိုရောင်ဆံပင်တို့မှာဖရိုဖရဲနှင့်စည်းသင်ထားသည်။ လက်ထိပ်ခံထားရသောလက်များမှာလျော့တိလျော့ရဲနိုင်၍မျက်လုံးများမှာစူးတောက်နေသည်။ နောင်တမရှိသောမျက်နှာကခပ်ထေ့ထေ့ပြုံးကာ
YOU ARE READING
Steady Principle { Completed }