Chapter-20(အမိဖမ်းခြင်း)

5.1K 170 20
                                    

Unicode Ver
(20)အမိဖမ်းခြင်း

10 minutes ago~
ဆိုင်ထဲကိုဝင်လာတဲ့လူတစ်စု နတ်ဆိုးပုံစံနဲ့လူတွေကို
ဦးဆောင်လာတဲ့သူနဲ့ သူ့ရဲ့ဘေးတစ်ဖက်စီမှာလဲ
နတ်ဆိုးအယောင်အဝါရှိတဲ့သူနှစ်ယောက် သူတို့
နောက်မှာ အဖွဲ့ဝင်၇ယောက် လိုက်ပါလာခဲ့တယ်

ဆိုင်ထဲဝင်တော့သူတို့ကိုတာဆီးလာတဲ့ဝန်ထမ်းလေး
*sorryဆရာ ကျွန်တော်တို့ ဒီဘက်ခြမ်းကို
လူ၁ယောက် ငှါးထားလို့ပါ ဟိုဘက်ခြမ်းကို..*

ရှားမှူးစစ် အသာမော့ကြည့်ပြီး
"Billy မင်းမပြောထားဘူးလား"

Billy အရှေ့တက်ပြီး ကဒ်တစ်ကဒ်ထုပ်ပြလိုက်တော့
ချက်ချင်းအရိုအသေပေးပြီး

"Désolé Maître""Que puis-je vous aider ?"
(တောင်းပန်ပါတယ်ဆရာ )
(ကျွန်တော် ဘာလုပ်ပေးရမလဲ)

*လူငှါးထားတာသိရဲ့သားနဲ့လာကတည်းက
မေးစရာလိုသေးလို့လား*

*မလို....မလိုပါဘူး ဒီဘက်မှာပါ*

လျှောက်လမ်းအဆုံးကအခန်းနဲ့ နီးလာလေ သူ့ရဲ့
နတ်ဆိုးအမူအရာကပိုဆိုးလာလေပဲ အခန်းရှေ့
ရောက်တော့ ကြားနေရတဲ့ အသံတွေက သူ့ကိုပိုဒေါသထွက်လာစေတယ်

"ကိုဦးကပိုးအတွက်အမြဲတမ်း အရေးပါဆုံးလူသား
ဖြစ်နေမှာပါ ပြီးတော့..."

အနောက်က တစ်ယောက်ကို ပစ္စည်းသွားသိမ်းခိုင်းလိုက်တယ်
သူ့လူတွေကို အပြင်မှာနေစေပြီးသူဝင်တော့

"ဟုတ်လား အဲ့တာဆို ကိုကရော.."
သူ့အသံကြားတော့ လှည့်ကြည့်လာတဲ့ကောင်မလေး
အံ့ဩနေတဲ့အမူအရာနဲ့ စိုးရိမ်နေတဲ့အမူရာ
ရောယှက်နေတဲ့ မျက်နှာလေး

"ကို..ဟိုသူဌေး ..ဒီကိုဘယ်လို"
ပိုးပိုး သူ့ကိုကြည့်ပြီး စိတ်ထဲကနေ ကြောက်လာ
မိတယ် သူ့အပြုံးက ပိုပြီး ကြောက်ဖို့ကောင်းနေ
တယ် သူမ ဒီအပြုံးကိုမှတ်မိနေတယ် အရင်ဘဝ
တုန်းက ဝင့်မဒီလှိုင်ဆိုတဲ့ သူကို နှောက်ယှက်တုန်းက
သူမကို ပြုံးပြတဲ့အပြုံး
ဒါပေမဲ့ အခုက ဘာလို့အဲ့အပြုံးကို ကိုဦးကို ပြုံးပြနေရတာလဲ ဆိုတာကို စဉ်းစားလို့မရဘူး

သူမဘက်ကိုပြန်လှည့်ကြည့်ပြီး
"ကိုမေးတာကို ဖြေအုံးလေ .."
"လာ...ကိုယ်နဲ့လိုက်ခဲ့"

မေ့မရနိုင်သူWhere stories live. Discover now