Epi - 2 (Uni)

1.4K 87 0
                                    

တစ်နေကုန် နေသာနေပြီးမှ ညနေ ကျောင်းဆင်းချိန်ကျမှ ဘာကြောင့်မှန်းမသိ မိုးက အရမ်းသည်းလာသည်။

ဆောင်းတွင်းကြီးကို ဘာထဖြစ်ရတာလဲ။

"ဒီ မိုးကတော့ ကြောင်တောင်တောင်နဲ့" လို့ ပြောချင်ပေမဲ့ မိုးကြိုးပစ်မှာလည်း ကြောက်သေးသည်။

နွေးတစ်ယောက် ထီးမပါတော့ အောက်ထပ်က အဆောင်တွေ ရှေ့မှာ ပြာယာခတ်နေရသည်။

အခုလို ကြံရာမရဖြစ်နေတဲ့ သူမ ပုံလေးကို မြင်ပြီး သံစဉ်လင်းဆိုတဲ့ ကောင်ကလေးရဲ့ နှုတ်ခမ်းထောင့်လေး ကွေးညွှတ်သွားသည်အထိ နှစ်လိုဖွယ် ပြုံးမိသွားတယ် ဆိုတာကိုတော့ ထိုကောင်ကလေးပဲ သိမည် ထင်ပါတယ်။

ဒီနေ့ ကျူရှင်ပိတ်တော့ အိမ်ကို စောစောပြန်ပြီး စာ​တွေ ပြန်ကူးရဦးမည်။

နွေးက စာသင်ချိန် နှစ်ချိန်စာ ဆရာမတွေ အကူအညီတောင်းထားတဲ့ ကိစ္စကို သွားလုပ်ပေးထားရတာကြောင့်ပင်။

"စိတ်ညစ်လိုက်တာ မိုးကလည်း အခုမှ ဘာထဖြစ်တာလဲ မသိဘူး။ ထီးကလည်း မပါဘူး ဒီနေ့ကျမှ။ စိတ်လေပါတယ်နော်"

ညနေကျရင် စာကူးရဦးမှာမို့ စိတ်ရှုပ်တာက တစ်ကြောင်း၊ မိုးရွာထဲမှာ ဒီတိုင်းပြန်ရင် နောက်နေ့ဖျားပြီး ကျောင်းမတက်နိုင်မှာ စိုးတာက တစ်ကြောင်း၊ ကျောင်းမှာတစ်ယောက်တည်း ကျ‌န်တော့တယ်ဆိုတဲ့ အသိက တစ်ကြောင်းကြောင့် စိတ်အခြေအနေက အတော်လေး အဆင်မပြေဖြစ်နေတာ ကိုယ်တိုင်ပင် အသိဆုံး မဟုတ်လား။

"ရော့ ! ထီးမပါရင် ယူသွား"

ရုတ်တရက် နောက်က ထွက်လာတဲ့ အသံကြောင့် နွေး ဆတ်ခနဲတုန်ပြီး လန့်သွားမိသည်။

ကျွန်တော် စကားကို အသံအနည်းငယ် မြှင့်ပြီး ပြောလိုက်မိတော့ လန့်ပြီး တောင့်ကနဲဖြစ်သွားတဲ့ ကိုယ်လုံးသွယ်လျလျလေးက ဆတ်ကနဲ။

ဘယ်လောက်တောင် အသည်းယားစရာလဲ။

နွေး နောက်ကိုလှည့်ကြည့်လိုက်တော့ လင်း ဖြစ်နေသည်။

"အဲ့တာဆို နင်က ထီးမပါပဲ ပြန်ရမှာပေါ့"

"ရပါတယ်။ ဒီမိုးလောက်ကအေးဆေး"

No More Pain, Please (Season-1) {Completed}Donde viven las historias. Descúbrelo ahora