1755ခုနှစ် အလောင်းမင်းတရား
ရန်ကုန်ထူထောင်ကာစအချိန်လမုပင်များထူထပ်စွာပေါက်ရောက်နေသော မြစ်ကမ်းစပ်တစ်ခု၏ လမ်းတစ်နေရာတွင် မိန်းမပျိုတစ်ယောက် အမိုးမပါသော သစ်သားလှည်းတစ်ခုကို သူမလက်ဖြင့် အားယူဆွဲကာ လျှောက်နေသည်
သူမ ပုံသဏ္ဌာန်မှာ ဘာကိုမှအကြောက်အလန့်မရှိ
အရွယ်နှင့်မလိုက်အောင် ကြံ့ခိုင်သန်မာလှသည်တစ်ကိုယ်လုံးအနက်ရောင်ဝတ်ရုံရှည်ကိုလွှမ်းခြုံထားလေသည်။
သို့သော်သူမ၏ နူတ်ခမ်းများမှာတုန်ယင်နေပြီး
တစ်စုံတစ်ခုကို တစ်တွတ်တွတ်ပြောနေသည်။“ငါရောက်အောင်သွားမှဖြစ်မယ်..လက်လျှော့လို့မရဘူး ရောက်အောင်သွားရမယ်”
သူမ၏ မျက်လုံးထဲတွင် မုန်းတီးနာကျည်းစိတ်
လက်စားချေလိုစိတ်များကိုအထင်းသားမြင်နေရသည်သူမအရှေ့ခပ်လှမ်းလှမ်းတောအုပ်ထဲမှ မီးခိုးများကို
မြင်လိုက်ရ၍ အားတက်သွားသည်။
ထိုနေရာတွင်လူရှိလျှင်စားစရာတစ်ခုခု နှင့် သူမသွားလိုသောနေရာအကြောင်း သိနိုင်မှာပဲဟု တွေးမိသည်။🌕🌕🌕🌕🌕🌕🌕🌕🌕🌕🌕
“ခရီးသွားမိန်းကလေးပါလား ..လာပါကွယ် ဝင်နားပါဦး ”
သူမ အံ့ဩသွားမိသည်..ဒီလို လူသူမရှိမြစ်ကမ်းဘေး သေရည်ဆိုင်တစ်ဆိုင်ရှိနေရတယ်လို့
“အဒေါ်ရဲ့ဆိုင်က မြစ်ထဲငါးလာဖမ်းတဲ့သူတွေကြောင့်ဖွင့်ထားတာပါကွယ် ဒီနေ့ရာသီဥတုမကောင်းတော့ သူတို့စောစောပြန်သွားလို့”
သူမစိတ်ထဲကမေးခွန်းကို ထိုမိန်းမသိနေ၍ အံ့ဩသွား မိသည်။
ထိုမိန်းမက သူမဆွဲလာသော သစ်သားလှည်းပေါ်မှ
ကျွန်းသေတ္တာဆီ လှမ်းကြည့်ရင်း“ဟိုပစ္စည်းတွေက ဘာလုပ်ဖို့လဲ မိန်းကလေး”
“မင်းပစ္စည်းတွေလားဒါမှမဟုတ်”သူမ စိတ်ထဲဆတ်ခနဲဖြစ်သွားသည်။
ဒီမိန်းမကြီး တော်တော်စပ်စုတာပဲဟုတွေးမိလိုက်သည်။
YOU ARE READING
Hotel del Luna Myanmar version (လရောင် နမ်းတဲ့ ပန်းတစ်ပွင့်)
Horrorstory of Hotel del Luna, it's a place for ghost and spirit