Merry Christmas
"ထယ် "
" ပြောလေ မောင် "
" မောင် စိတ်ဆိုးရမလား စိတ်ကောက်ရမလား သဝန်တိုရမလား ထယ် "
Tan & Bam ကစားနေတာကို ပြုံးပီးငေးကြည့်နေတဲ့ ကျွန်တော်ထက်(၂)နှစ်ပဲကြီးတဲ့ ကျွန်တော့်ကောင်လေး
ကျွန်တော်ခေါ်တာကို ပြန်ပြောနေပေမဲ့
ထယ်ရဲ့ အာရုံက Tanနဲ့Bam တို့ဆီ အပြည့်ရောက်နေသည်"ထယ်"
"ပြောလေ"
ကျွန်တော်ရဲ့စိတ်ရှည်သည်းခံနိုင်မှုက ကုန်ဆုံးသွားခဲ့ပီ
အင့်
" မောင် ဘယ်လိုတေဖြစ်နေတာလဲ"
ဟုတ်ပါတယ် ထယ်ကို သူ့ဆီ အာရုံ
ရောက်အောင် ဆွဲဖက်ပီး ရင္ခွင်ထဲသွင်း
လိုက်တာပါ"ထယ် မောင်..အဟင့်..."
ဟင် မောင်ရဲ့ ငိုသံကြားမှ သူအလန့်တကြား မောင့်ရင်ခွင်ထဲကနေ မောင့်ကိုကြည့်မိတယ်
"မောင် ဘာလို့ငိုနေတာလဲ လူကို စိတ်ပူရအောင်"
"ထယ်က မောင့်ကိုမချစ်တော့ဘူး..
အဟင့် "ဟော မောင်ဟာ ခလေးဆိုးကြီးပါလား သူ့ကိုမချစ်တော့ဘူးထင်ပီးငိုတာတဲ့
"ဘာလို့ ထယ်ကမောင့်ကို မချစ်ရမှာလဲ မောင်ရယ် "
"မောင်ကိုထယ်မှ ဂရုမစိုက်တာ အချိန်ပြည့် Tanနဲ့Bamကိုပဲ ဂရုစိုက်နေတာ
မောင်ခေါ်နေတာကိုလဲ ဂရုမှမစိုက်တာ "
ထယ်ယောင်းအံ့ဩသွားသည်
သူ့ကို Yeon Tan နဲ့ Bamကိုဂရုစိုက်နေလို့
သူ့ကောင်လေး အူတိုနေတာတဲ့လေ" ဟား ဟား မောင်
မောင်ရယ်
Bamနဲ့Tan က Taeနဲ့ မောင်တို့ရဲ့သားလေး
တေ လေကွာဘယ်နှဲ့ ကလေးဆန်လိုက်တာမောင်ရယ် "
"မောင့်ကို ထယ်ကအများကြီးချစ်တယ်ဆိုတာ
ယုံတယ်မဟုတ်လား စိတ်မကောက်နဲ့တော့နော် မောင် မွ "ထယ်ရဲ့ အနမ်းကိုရလိုက်တော့ ဂျောင်ကု ပြုံးလာပီး ကောက်နေတာပြေသွားပါပီ
ထယ်နဲ့ပတ်သတ်ရင် သူဟာ အရာရာသဝန်တိုပါတယ်
အထူးသဖြင့် Tanကို အဆိုးဆုံးပဲ အားနေ
ထယ့်နားပဲကပ်နေပီး ပွတ်သပ်နေတာအရင်က ထယ်ကိုကပ်နေလို့ Tanကို သိပ်ကြည့်မရတာ..
အခုတော့ Bamကိုပါကျွန်တော်သိပ်ကြည့်မရတော့
Tanအတွက်အဖော်လိုချင်တယ်ပြောလို့ Bamလေးကို လက်ဆောင်အဖြစ် ထယ်အတွက်ပေးခဲ့တာ
အဲ့ကောင်ကလဲ ထယ်ကိုကပ်လိုက်တာဆိုတာ..
(ဟဲ့ ငကုရေ..🤧)
"မောင် ဘာတေတွေးနေသလဲ"
"Tanနဲ့Bamကို ပေးစားရင်ကောင်းမလား
လို့ "ဟမ် မောင့် စကားကြောင့် သူကြောင်သွားသည်
"ဘယ်လို မောင် "
"ဟုတ်တယ်လေ ပေးစားပီး အခန်းထဲပိတ်ထားမလို့ ထယ့်အနားမကပ်အောင်"
"ဟား မောင်ရယ် "
ဘယ်လိုတောင် ကလေးဆန်တာလဲ
Tanနဲ့Bamကတော့ ခဏကတည်းက
သူတို့ရှေ့ကပျောက်သွားခဲ့ပီ"Merry Christmasပါ မောင့်ထယ်လေး"
"Merry Christmas ပါ မောင်"
"အဲ့တာဆို သွားအိပ်ရအောင် မောင့်အချစ်လေး"
"မောင်..."
......Unpublishထားခဲ့တာလေး ပြန်တင်..🙆