Page (10)

44 5 0
                                    

Name Of Love ❤

Page (10)

နေမွန်းတည့် ထမင်းစားချိန် နေ့လည်ခင်းတစ်ခုတွင် သူလဲ သူမဖျော်ပေးခဲ့ သော ကော်ဖီခွက် ကိုကိုင်ကာ တစ်ငုံလောက် မော့သောက် လိုက်လေရာ ရင်ထဲတွင် တစ်စုံ တစ်ခုခုကို ရရှိသွားသလို စိတ်ကျေနပ်သွားလေသည် စိတ်ထဲတွင် ပျော်ရွှင်မူ ဝမ်းသာမူ စိတ်​ကျေနပ်မူ စသည့်
ရင်ထဲတွင် ကိုယ်တန်းဖိုးထား ရသည့် အရာများ စိတ်ထဲတွင် ဖြစ်ချင်နေသည့် အရာများ သည် အမှန်တကယ် ရရှိလိုက်သလို ခံစားလိုက်ရပေသည် ထို့တင်မက သူ့ရင်ထဲတွင်လဲ သူမနဲ့ ပတ်သက်ပြီး တစ်ခုခုကို သိရှိသွားသလိုလို ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရင်ထဲတွင် ခံစားချက် တစ်ခုကိုသေသေချာချာ ရလိုက်သလို ခံစားမိလိုက်သည် မှာအမှန်ပင် ထို့သိုဖြစ်လိုက်သည်
နှင့် တစ်ပြိုင်နက်တည်း သူ သူမကို တစ်ချက်လှမ်းကြည့်လိုက်လေသည် သူမကတော့ သူအလုပ်နဲ့ သူ အလုပ်ရှုပ်နေလေ ရာ သူကြည့်​ နေသည်ကိုတောင် သတိမထားမိပင် သူအရမ်းတွေးဝေသွားသောကြောင့် ခဏတာလောက် ပြန်စဉ်းစား လိုက်ပြီး အရင်တုန်းကလဲ
ဒီလိုမျိုးတစ်ခါ ဖြစ်ဖူးခဲ့တယ်ဆိုတာ ကိုသတိရသွားလေသည် အဲ့ဒီတုန်းကလဲ သူမကိုရှာမတွေ့သေးလို့ စိတ်ညစ်နေတဲ့စိတ်နဲ့ ဆိုင်ထဲသို့ဝင်၍ လာချပေးသော ကော်ဖီကို သောက်လိုက်တဲ့ အချိန်တုန်းကလဲ သူမကိုရှာတွေ့သွားပြီ ဆိုတဲ့ ခံစားချက်မျိုးကို ရခဲ့ဖူးလေသည် အခုလည်း သူမရဲ့စိတ်ထဲတွင် သူ့အပေါ်မှာ ခံစားချက်တစ်ခုခု ရှိနေတယ်လို့ ရင်ထဲတွင် ခံစားလိုက်ရခြင်းပင်ဖြစ်သည် သူတကယ်ကိုအံ့သြသွားမိပြီး ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတာကို စိတ်ထဲမှာလည်း သိချင်မိသွားလေသည်

##########################

ည ၁၀ နာရီ ၄၁ မိနစ် အချိန်တွင် ပုခုံးပေါ် ရှိ ပုဝါနဲ့မျက်နှာကိုသုတ်နေရင်း ရေချိုးခန်းထဲကနေ Taishi တစ်ယောက်ထွက်လာလေသည် ထို့နောက် ခုတင်ပေါ်တွင်ထိုင်ချလိုက်ပြီး စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဖုန်းကိုကောက်ကိုင်လိုက် ကာ ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်လေသည် "တီ"ဆိုတဲ့အသံကြားသောကြောင့် သူမ စာဖတ်နေရာကနေ ထလာပြီး ခုတင်ပေါ်မှာတင်ထားတဲ့ အသံမြည်နေ သောဖုန်းကို ကောက်ကိုင် လိုက်လေသည်

[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }Where stories live. Discover now