နှစ်တစ်နှစ်ရဲ့ အဆုံး ၊ နောက်နှစ်တစ်နှစ်ရဲ့ အစ new year ညမှာ ကိုယ်ချစ်ရတဲ့ သူကို ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဆွဲကြိုးဆွဲပေးပြီး ဖွင့်ပြောကြတဲ့ အစဉ်အလာ ။ ပြန်ရမယ့် အဖြေကိုတော့ ထိုသူက ပါးစပ်ကနေ ပြောစရာမလိုပဲ ထိုဆွဲကြိုးရဲ့ ဆွဲသီးအရောင်ကပဲ ဆုံးဖြတ်ပေးသွားသည် ။နှစ်ယောက်လုံးရဲ့ ခံစားချက်တွေသာ ထပ်တူညီခဲ့ရင်
ဆွဲသီးအရောင်က အဖြူရောင် လင်းသွားပြီး
တစ်ဖက်သတ်ခံစားချက်သာဆိုရင်တော့ အနက်ရောင်အဖြစ်နဲ့ ကျန်ရစ်ခဲ့သည် ။• •
2015 , DEC 31
ည တစ်နာရီကျော်နေပြီ ။
လမ်းပေါ်မှာ လူတွေက မရှင်းသေး ။
အသစ် စက်စက် စုံတွဲသစ်လေးတွေ က ကြည်ကြည်နူးနူး လက်ချင်းတွဲပြီး လမ်းမပေါ်မှာ လျှောက်သွားနေသည် ။ တစ်ချက်တစ်ချက် ကြားရတဲ့ ငိုသံတစ်ချို့ကို ထည့်မတွက်ရင် New Year ညက ပျော်ဖ်ို့ကောင်းလွန်းသည် ။" ကိုကိုက ဘာလို့နောက်ကျနေတာလဲ မသိဘူး"
ဂျယ်ယွန်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ သူ့အဖေနဲ့ အမေကို လှမ်းကြည့်သည် ။ သူကတော့ သူ့အကိုအတွက် စိတ်လှုပ်ရှားနေသည် ။ ကိုကိုက ဒီည သူ သဘောကျနေတဲ့ ကောင်မလေးကို ဖွင့်ပြောမှာလေ ။
" မင်း အကိုကို မင်းပဲ ဆက်စောင့်လိုက်တော့ ၊ သူ့ကောင်မလေးနဲ့ အဆင်ပြေသွားလို့ နောက်ကျနေတာနေမှာ"
" ဟော ဟော ကိုကိုရောက်လာပြီ ၊ ကိုကို ! ဖွင့်ပြောတာ အဆင်ပြေ - ဟင် ငိုနေတာလား "
ခဏတာ တိတ်ဆိတ်သွားသည် ။
ဖေဖေကော မေမေပါ သူတို့ သားအကြီးကို စိုးရိမ်စိတ်နဲ့ ငေးကြည့်နေကြသည် ။" မပြေခဲ့ဘူး ၊ ငြင်းခံလိုက်ရတယ် "
ဂျယ်ယွန်း ချက်ချင်း မျက်ရည်ဝဲသွားသည် ။
အငြင်းခံရတာ သူမဟုတ်ပေမယ့် ပူလောင်သွားတဲ့ ရင်ထဲက ခံစားချက်က ဆိုးရွားလွန်းသည် ။
YOU ARE READING
not a DISNEY PRINCE [ psh x sjy ]
Fanfiction𝗶 𝗱𝗼𝗻❜𝘁 𝘄𝗮𝗻𝘁 𝘁𝗼 𝗯𝗲 𝗮 𝗗𝗜𝗦𝗡𝗘𝗬 𝗣𝗥𝗜𝗡𝗖𝗘 𝗯𝘂𝘁 𝘆𝗼𝘂𝗿 𝗯𝗼𝘆𝗳𝗿𝗶𝗲𝗻𝗱 ㅣ CHRISTMAS & NEW YEAR SPECIAL ONESHOT |