Unicode
.
.
.
.ဒီနေ့ကစိတ်ပျက်စရာကောင်းလှသည့် တနင်္လာနေ့။ဒီနေ့အိမ်ကို လီဗြောင်ထယ်နှင့်လီဂျူဟာတို့ အလည်လာကာ စာလုပ်မည့်နေ့ဖြစ်သည်။ပြီးတော့ ဇာတ်လမ်းအရဆို ယွန်းဟွာက လီဗြောင်ထယ်ကို ကြိုက်နေမှန်း အီထယ် သိသွားသောနေ့လဲဖြစ်သည်။"ဟင့်...တနင်္လာနေ့ကိုမုန်းလိုက်တာ..."
ကုတင်ပေါ်တွင်ပက်လက်လှန်ကာ ပြောလိုက်မိသောသူမစကား၏နောက်တွင် သူမဘေးမှ စောင်လုံးလေးက လှုပ်တုပ်လှုပ်တုပ်နှင့် သူမဘေးနားကပ်လာကာ ခေါင်းလေးဖော်လာလေသည်။ထိုစောင်လုံးလေးမှာ ဂျီဟျွန်းလေးပင်ဖြစ်သည်။ဂျီဟျွန်းလေးသည် အိပ်စုံမှုံမွှားဖြင့်
"မမ...နိုးနေပြီလား..."
"အွန်း...နိုးပြီကွ...ဟျွန်းလေးရောနိုးပြီပေါ့...ကဲ..လာ မျက်နှာသွားသစ်ကြမယ်..."
ကုန်လွန်ခဲ့သောတစ်ပတ်အတွင်းတွင် ဂျီဟျွန်းလေးသည် သူမကိုလွန်စွာခင်တွယ်လာပြီး အိပ်ချိန်တိုင်းသူမနှင့်သာအတူအိပ်လေ့ရှိသည်။မနက်မိုးလင်းသည်နှင့်ယွန်းဟွာမနိုးသေးဘူးဆိုလျှင် သူ့ကိုယ်လုံးလေးနှင့် ယွန်းဟွာ၏ကိုယ်ပေါ်တက်ခွကာ နှိုးတတ်သည်။(🌚)
ယွန်းဟွာ နိုးနေပြီဆိုလျှင် ဂျီဟျွန်းလေးသည် ယွန်းဟွာ၏ရင်ခွင်ထဲခေါင်းတိုးကာချွဲတတ်သေးသည်။ယွန်းဟွာတစ်ယောက်ကတော့ ချွဲတတ်နေသောဂျီဟျွန်းလေးကြောင့်သူမ၏စိတ်အခြေအနေဟာကောင်းမွန်လျက်ပင်။သူမ၏စိတ်အခြေအနေနှင့်အတူ LSP နှင့် PFB တို့မှာလဲ မြင့်တက်လျက်ရှိသည်။LPဆိုလျှင်လဲ ၄၀ ရာခိုင်နှုန်းအထိ ရောက်လာလေပြီ။သို့သော်ငြား ဒီနေ့ ဟိုနှစ်ကောင်လာမည်ကိုသတိရသွား၍ ဒေါသကထွက်လာပြန်သည်။
ထို့နောက် အိပ်ရာပေါ်မှကုန်းရုန်းထကာ ဂျီဟျွန်းလေးကိုချီ၍ ရေချိုးခန်းထဲတွင် မျက်နှာသစ် သွားတိုက်ရန်လုပ်လေသည်။ဂျီဟျွန်းလေးကို ရေနွေးနွေးလေးစပ်ထားသော ကန်ထဲထည့်ကာ သေချာချိုးပေးပြီးသည်နှင့် သူမလဲရေချိုးမည် ဖြစ်၍ ဂျီဟျွန်းလေးကို အခန်းပြင်သို့ပို့မည်ပြင်ရာ ချက်ချင်းပင် ယွန်းဟွာ၏ခေါင်းထဲတွင်အချက်ပေးသံမြည်လာသည်။

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...