Final

66 5 1
                                    

Unicode 



"ငါမေးနေတယ်လေ အဲ့သီချင်းနာမယ်က Snowball လား Happy New Year လားလို့?"

သူတို့မမြင်ရသော်လဲ ညဆယ့်တစ်နာရီငါးဆယ်မိနစ်ကိုညွှန်ပြနေသောနာရီကိုလှမ်းကြည့်ရင်း ဝမ်ကျွင့်ခိုင်မျက်ဖြူလှန်ပြလိုက်မိသည်။

"မဟုတ်သေးဘူး ယွမ်အာ.. မင်းဒီအချိန်ကြီး ငါနဲ့ငယ်လေးကို အသည်းအသန် Group call ခေါ်တာဒီဟာမေးဖို့အတွက်လား?"

"အင်းလေ.. နောက်ပြီး ကျွန်တော်က ကောတို့နှစ်ယောက်ဆိုထားတဲ့သီချင်းနာမယ်ကို ဘယ်လိုလုပ်ပြီးသိမှာမို့လို့ကျွန်တော့်ကိုပါ ဖုန်းဆက်ရတာလဲလို့"

ချန်းရှီကပါ မကျေမချမ်းလေသံဖြင့်ပြောလာသောကြောင့် ဝမ်ယွမ်တစ်ယောက် နှုတ်ခမ်းစူသွားရသည်။

"နှုတ်ခမ်းစူမနေနဲ့ ပြောစမ်းပါအုံး ဒါကဘယ်လိုဖြစ်ရတာလဲလို့"

ဖုန်းဟိုဘက်မှ ဝမ်ကျွင့်ခိုင်ကလှမ်းပြောလိုက်တာမို့ ဝမ်ယွမ်တစ်ယောက်နှုတ်ခမ်းပင်မစူရဲလောက်အောင်ဖြစ်သွားရသည်။ ဒီကောတစ်ယောက် သူ့ဟိုတယ်ခန်းထဲတွင် spy cam များခိုးတပ်ထားလေသလား?

"မဟုတ်ဘူးကွာ.. ငါအိပ်မပျော်တာနဲ့ weibo ခဏသုံးအုံးမယ်ဆိုပြီးဝင်သွားတာ ဖန်တွေက အဲ့သီချင်းအကြောင်းပြောနေကြတဲ့ post ကိုငါတွေ့ရော.. ငါအဲ့သီချင်းရှိမှန်းတောင်မေ့တေ့တေ့ဖြစ်နေပြီ .. အခုသူတို့ပြောကြတော့မှသတိရတာ.. အဲဒါငါလဲစဥ်းစားရင်းစဥ်းစားရင်း ဘယ်လိုမှစဥ်းစားလို့မရတော့လို့... မင်းတို့လဲသိသားပဲ အဲဒီ့သီချင်းနာမယ်ငါစဥ်းစားလို့မရတော့ရင် ငါဒီညအိပ်လို့ရတော့မှာမဟုတ်ဘူး.."

ဝမ်ယွမ်စူပုတ်ပုတ်လေးဖြစ်နေမည့်ပုံစံကို စကားပြောသောလေသံကပင်လှမ်းမြင်ယောင်နေရသဖြင့် ဝမ်ကျွင့်ခိုင်ရော ချန်းရှီရောနှစ်ယောက်လုံး ခွိကနဲပင်ရယ်သံထွက်သွားရသည်။

2021圣诞夜的小故事Where stories live. Discover now