Zawgyi //
REYER company က တာဝန်ရှိတဲ့သူနဲ့စကားပြောပြီးသွားတော့ ငယ် ရှိတဲ့ကျောင်းကို သူအမြန်ပြေးလာခဲ့မိသည် ။ ဘာလို့ဆို REYER company နဲ့ စကားပြောနေတုန်းမှာ honey booty nge ဆိုသော contact name ကနေ ' နေ့လယ်စာ အတူစားမလား ' ဆိုသော ကြည်နူးဖွယ်ရာစာတစ်စောင် ဝင်လာခဲ့သည် ။
ဒါ့ကြောင့် ကျောင်းကို ဂျောင်းကုအလျင်စလိုနဲ့ ခုန်ပေါက်လုမတတ်ရောက်လာခဲ့ခြင်းဖြစ်သည် ။ သူ ရောက်တော့ ငယ်က ကျောင်းရှေ့က နံရံကိုမှီပြီး ရပ်စောင့်နေရှာသည် ။
" စောင့်ရတာကြာသွားလား ငယ် "
" မကြာသေးပါဘူး "
တကယ်တော့ ဒီနံရံကိုအဖော်ပြုပြီးရပ်နေတာ နာရီဝက်ခန့်ရှိပြီဆိုတာကိုတော့ ထယ်ယောင်းကိုယ်တိုင်ပဲ ကောင်းကောင်းကြီးသိသည် ။ ဒါ သူ လူတစ်ယောက်ကို ပထမဆုံးအကြိမ်နဲ့ အကြာဆုံးအကြိမ် စောင့်ဖူးခြင်းပဲ ။
" ဗိုက်ဆာနေပြီမလား ။ အရင်ဆုံး တခုခုစားရအောင် "
ဂျောင်ကုက သူကိုယ်တိုင်ပဲ အစားအစာကို ဂရုတစိုက်သေချာမှာပေးပေမယ့် သူ့အရှေ့ကထယ်ယောင်းကတော့စားနေတာ စိတ်ပါပုံမရ ။
" ငယ် .. ခံတွင်းမတွေ့လို့လား "
ဒီလိုကျတော့လည်း ခေါင်းခါပြပြန်သည် ။
" ဒါဆို ဘာလို့လဲ ။ ကိုယ်လာတာနောက်ကျလို့ စိတ်ဆိုးနေတာလား "
ဒါလည်း ခေါင်းခါပြန်သည် ။ တူနှစ်ချောင်းကို ပါးစပ်နဲ့စိကိုက်ထားပြီး ခေါင်းညိတ်ခေါင်းခါပဲလုပ်ပြနေတဲ့ထယ်ယောင်းကိုကြည့်ကာ ဂျောင်ကုစိတ်ပူလာသည် ။
" ကိုယ့်ကို တခုခုတော့ပြောဦးလေ ငယ်ရာ "
" ဂျွန် .. ငါတို့ ရုပ်ရှင်သွားကြည့်ကြမလား "
ထွက်လာသည့်စကားက တခြားတစ်ခုဖြစ်နေတာကြောင့် ဂျောင်ကုမှာ ကြောင်အမ်းအမ်းဖြစ်သွားရသည် ။
" ငယ်.. မင်း .. "
မျက်တောင်ကိုခဏခဏ ပုတ်ခတ်ရင်း ဂျောင်ကုရဲ့လက်တွေကလည်း ဆံပင်ကိုလှန်တင်လိုက် နဖူးကိုသပ်လိုက်နဲ့ အတော်လေး စိတ်လှုပ်ရှားဟန်ပြသည် ။
YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...