ရိပေါ်တို့ အနမ်းတွေဖလှယ်ပြီးတဲ့နောက်မှ ရှောင်းကျန့်က ပြေးထွက်သွားခဲ့ပြန်တယ်။
ရိပေါ်ကတော့ ကုတင်ပေါ် အရုပ်ကြိုးပြတ်ပေါ့...
ကိုကို့ရဲ့ 'ချစ်တယ်'ဆိုတဲ့စကားသံက ရိပေါ်နားထဲ တဝဲတဲတလည်လည်နဲ့ပဲ ရိပေါ်အတွက် ရှည်လျားတဲ့ညတာဟာ ပြီးဆုံးတယ်။
ရိပေါ်ဒီလိုနေနေလို့မဖြစ်သေးပါ။ သူ့ဆီက အနမ်းတွေကို ဓါးပြတိုက်သွားတဲ့ကိုကို့ကို ဒီတစ်ခါတော့ နှလုံးသားလေးကို ဓါးပြတိုက်မှုနဲ့ ဖမ်းထားမှရပါတော့မည်။
နောက်တစ်ရက်ကျ ရှောင်းကျန့်က ရိပေါ်ဆီကို အလုပ်အရ လာရပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ရိပေါ်ဟာ တစ်ကိုယ်ကောင်းဆန်ရပါတော့မည်။
အခန်းငယ်ထဲမှာ ရှောင်းကျန့်နဲ့ရိပေါ်ဟာ နှစ်ယောက်တည်းသာ...
ရှောင်းကျန့်က ရိပေါ်ရဲ့ဆေးတွေကို သေချာခွဲပေးနေတာကို ရိပေါ်ဟာ မေးထောက်ကာ ထိုင်ကြည့်နေသည်။
'ကိုကို ရိပေါ်နဲ့ စကားပြောကြရအောင်'
ရှောင်းကျန့်လက်တွေဟာ လေထဲမှာ တစ်ခဏတာ ရပ်တန့်သွားပေမဲ့ သူ့အလုပ်သူ ဆက်လုပ်နေသည်။
'အင်း ပြောလေ ရိပေါ်'
'အဲ့ဒါတွေကိုချထားပြီး ဒီမှာလာထိုင်။ မျက်နှာချင်းဆိုင် ပြောရအောင်'
ရှောင်းကျန့်ဟာ သက်ပျင်းအသာချတယ်။
သူမရင်ဆိုင်ချင်ပေမယ့် ရင်ဆိုင်ရပါဦးမည်။
ရှောင်းကျန့်ဟာ ရိပေါ်ရဲ့မွေ့ယာပေါ် ဘေးတစောင်းထိုင်ကာ ရိပေါ်ကို ကြည့်လိုက်သည်။
'မနေ့ညက အနမ်းက ဘာအဓိပ္ပါယ်လဲ ကိုကို'
'မနေ့ညက စိတ်လွှတ်ပြီး နမ်းမိသွားတာအတွက် တောင်းပန်ပါတယ် ရိပေါ်'
'ကိုကို!'
ရိပေါ်အော်လိုက်တဲ့အချိန်မှာပဲ တံခါးခေါက်သံသဲ့သဲ့ကို ကြားလိုက်ရကာ ဝင်လာသူက ကျိုးချန်...
'ရှောင်းကျန့် ပါပါးက ပြောစရာလေးရှိလို့ အလုပ်ခန်းထဲမှာ စောင့်နေတယ်တဲ့...သွားလိုက်ပါဦး'
YOU ARE READING
It will be okay [𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]
FanfictionWhen Thalassemia patient Yibo loved to someone doesn't love him...