Part - 29 [Unicode]

8.4K 673 90
                                    

ရုံးပိတ်ရက်ဖြစ်တာမို့ ပုံမှန်နေ့တွေထက်အိပ်ချိန်ပိုယူတတ်တာက မိုးသားနှင့်လွှာရဲ့တူညီသည့်အကျင်တခု . . အခုလဲ 8နာရီထိုးနေတာတောင် အိပ်ရာပေါ်တွင်ရှိနေဆဲ . .

မိုးသားကတော့လွန်ခဲ့တဲ့ဆယ်မိနစ်ထဲက နိုးနေခဲ့တာဖြစ်ပေမယ့် မျက်စိရှေ့က ရှင်းသန့်ဖြူဥနေသည့် မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေခွင့်ကို အဆုံးရှုံးမခံနိုင်တာမို့ မျက်တောင်ပင်မခတ်ရက်ပါ . .

မနက်ခင်းတိုင်းဒီလိုအတူနိုးထခွင့်ရဖို့ သူဘယ်လောက်တောင်အိမ်မက်တွေနဲ့ရူးသွပ်ခဲ့ရလဲ . . ဒီအမျိုးသမီးကိုချစ်မြတ်နိုးရလွန်းလို့ ကိုယ်တိုင်တောင်ရူးမှန်းမသိရူးနေခဲ့မိတာ . . ယုတ်မာတယ်ပဲဆိုဆို အောက်တန်းကျတယ်ပဲပြောပြော သူဂရုမစိုက် . . အခုသူ့မျက်စိရှေ့ကမြင်နေရတဲ့မျက်နှာလေးကသာ သူ့ဘဝဖြစ်နေခဲ့တာမို့ တခြားသောဘယ်လိုအရာကမှသူ့ကို မရိုက်ခတ်နိုင်ပါ . .

ဝင်းမွတ်အိစက်နေသည့်မျက်နှာနုနုက တကြိမ်တခါမျှသာနမ်းရှိုက်ခဲ့ဖူးပါသော်လဲ ထိုအထိတွေ့ကသူ့ကို ဘယ်တော့မှမမေ့နိုင်ခဲ့လောက်အောင် ဆွဲဆောင်နိုင်ခဲ့တာရယ် . . နှုတ်ခမ်းနီထွေးထွေးက သူ့ရဲ့နှုတ်ခမ်းပါးတွေထဲ သက်ဆင်းခဲ့ဖူးတာကိုအမှတ်ရမိပြန်တော့ မိုးသား‌တို့နှလုံးခုန်မြန်လာရ . . အမြဲစူးရှပီးလတ်ခါနေတတ်သည့် မျက်လုံးရွဲကြီးတွေက အခုတခါတော့မှိတ်ထားသည့်မျက်လွှာတွေကြောင့် မမြင်ရ . . အစိတ်ပိုင်းတခုချင်းစီတိုင်းက သူရူးသွပ်ရတဲ့အရာတွေမို့ ဖွဖွတို့ထိရင်း ကြည်နူးနေမိသည် . .

အနည်းငယ်လူးလွန့်လာတာမို့ တို့ထိနေသည့်လက်တွေကိုရုတ်လိုက်ရသည် . . ချစ်ရသူ၏နည်းနည်းလေးတောင်အငြိုငြင်မခံနိုင်တာမို့ . .

" Morning လွှာ "

ဩရှရှအသံက တမျိုးဆွဲဆောင်မှုရှိနေသည် . . ပုံမာန်မိန်းကလေးတွေလို ချိုသာစူးရှသောအသံများနဲ့ခြားနားကာ ဩဇာတမျိုးပါနေသည့် အသံတို့ကနားထောင်လို့ကောင်းသည်ကိုတော့မေဝင့်လွှာညီဝန်ခံပါသည် . . မျက်လွှာတို့ကိုဖွင့်ကြည့်လိုက်တော့ ပြုံးကာကြည့်နေသည့်ကောင်မလေး . . ဘယ်အချိန်မဆိုပျော်ဝင်နေသည့် အကြည့်စူးကြီး ကသူ့အတွတ်မူပိုင်ရှိနေတတ်သည် . . မထူမပါးနှုတ်ခမ်းတို့က လေးကိုင်းသဖွယ်အဖျားတို့ကော့တက်နေတာက ကြည့်ကောင်းသည်ထက်ပိုစွာ . . နှစ်လိုဖွယ်အပြုံးနဲ့အမြဲတက်ကြွနေသည့်ဒီကောင်မလေးက သူ့ဆီကလွဲရင် အကုန်လုံး၏အချစ်တွေကိုရထားသူ . . တကယ် . . မိုးသားလွင်လွင်တို့ကလှတယ်ဆိုတာထက် ချောပီးဆွဲဆောင်မှုရှိစွာ ကြည့်ကောင်းတာမျိုး ဘယ်အချိန်မဆို နှစ်လိုဖွယ်ကောင်းနေတာမျိုး . .

She [ သူမ ]Where stories live. Discover now