(၁၃)

2.2K 185 5
                                    

Unicode ver
.
.
.

Honey & Mommy

အပိုင်း -၁၃

"ဟိတ်...ဒီမှာလာထိုင်"

အသံလာရာဆီသို့ဝေ့ဝဲကြည့်လိုက်တော့
ဆံပင်အနက်ရောင်ပေါ်မှာ High Lightဝါဝါလေးတွေဖောက်ထားတဲ့ကောင်မလေးတယောက်...

တတန်းလုံးမှာ သူတယောက်တည်း ထင်းထင်းလေးပေါ်နေလေသည်။

အဲ့ဒီခေတ်က High Light ဖောက်တာတွေခေတ်မစားသေးတဲ့အပြင် ဆံပင်တောင် အရောင်သိပ်မဆိုးကြတဲ့ခေတ်လေ...

ကိုယ်ကမတ်တပ်ရပ်နေတဲ့အနေအထားနဲ့မို့လို့ တတန်းလုံးကို
အပေါ်စီးကနေလှမ်းမြင်နေရတာ။

ဆံပင်အနက်ရောင်တွေကြားက High Lightလေးတွေနဲ့
ကောင်မလေး....

အဲ့ဒီဆံပင်ကြောင့် သူမက ထင်းနေတာလားဆိုတော့မဟုတ်
ပါးချိုင့်လေးနဲ့ သိပ်လှတဲ့အပြုံးလေးကလဲရှိသေးတာ။

အသားဖြူဖြူလေးနဲ့ ထိုကောင်မလေးက
အနက်ရောင် Hoodieလေးနဲ့ အရမ်းကိုချောမောနေသေးသည်။

ကောင်မလေးချောချောလေးက နှစ်လိုဖွယ်အပြုံးနဲ့ သူ့နားလာထိုင်ဖို့ပြောတော့...
ကျေနပ် ၊ပျော်ရွှင်၊စိတ်လှုပ်ရှားပြီး သူ့ဘေးနားသွားထိုင်လိုက်တော့တာပေါ့...

"ကျေးဇူးပဲ "

"အင်း"

"ကျူရှင်တက်တာကြာပြီလား"

"တပါတ်လောက်ရှိပြီ ...ဒါနဲ့နင်ကဘယ်ကလဲ "

"အဆောင်ကလေ"

"ဟာ ဘယ်မြို့ကလဲလို့မေးတာ "

"မိုးကုတ်က "

"မိုးကုတ်သူတွေကအချောလေးတွေချည်းပဲ"

"အဲ့ထဲငါမပါပါဘူး "

"အင်း နင်တော့မပါဘူး"

သူမရဲ့ ထိုစကားကြောင့်အောင့်သက်သက်ဖြစ်သွားခဲ့သည်။
ဘယ်လိုဟာလေးပါလိမ့်...ဒဲ့ကြီး

"စာတွေကူးချင်လား "

"အင်းကူးမယ်လေ ဒါပေမဲ့ ဘာမှတော့နားမလည်သေးဘူး
ရှင်းပြပေးနိုင်မလား ...
စာတွေက အသေခက်နေမလားမသိဘူး "

"ဘာ....ဘာတွေပြောနေတာ"

"ဟင်...ဗမာစကားပဲပြောလိုက်တာလေ"

Honey နဲ့ MommyWhere stories live. Discover now