Final / Unicode

1.3K 81 51
                                    

"ပန်းအိုးတွေနေရာချပေးမလားတဲ့၊ စာသင်ဆောင်ပြင်နေလို့"

မြစ်ငယ်ကတိုက်ခက်လာတဲ့လေလှိုင်းထဲ တိုးသဲ့သဲ့ကောင်လေးရဲ့စကားသံကိုကြားပြီး သူသက်ပြင်းချမိတယ်။ အင်းလို့လည်းဖြေရင်း ခေါင်းညိတ်လိုက်သလိုပါပဲ။ ခင်ဗျားကသိသိသာသာကြီးကိုရှောင်နေတော့တာပဲဆိုတဲ့ အပြစ်တင်စကားကိုပါကြားလိုက်ရသေးတယ်။ ကိုကြက်ကညီးပြတယ်။ ကျွန်တော့်မှာတော့ခင်ဗျားတို့ကြား စာပို့ငှက်ကလေးတစ်ကောင်ကိုဖြစ်လို့တဲ့။ တစ်လလောက်တောင်ရှိလောက်ပြီထင်ပါတယ် ဒီလိုပဲနေလာခဲ့တာ။

"ဘာလို့ရှောင်နေတာလဲ"

မဖြေချင်တဲ့ဒီစကားကိုပဲ ထပ်ခါတလဲလဲမေးလာတိုင်း သတ်သေချင်စိတ်ပေါက်တဲ့အထိပဲ။

"ငါ... ငါသစ္စာဖောက်မိမှာကြောက်တယ်"

ဟက်ခနဲ ခနဲ့တဲ့ရယ်သံ၊ လေနဲ့အတူလွင့်မြောသွားသလိုခဏတာပါပဲ။ အမှန်တရားတွေဟာ တခါတလေ ခက်ခက်ခဲခဲလက်ခံထားရတာမျိုး။

"ခင်ဗျားသစ္စာရှိလွန်းနေတဲ့လူက ခင်ဗျားအပေါ်ကောင်းခဲ့ဖူးလို့လား"

သူဟာ ကောင်လေးကိုစိတ်ဆိုးတကြီးပြန်ကြည့်မိတဲ့အထိ ဒေါသတွေထောင်းခနဲ သူ့အသွေးအသားထဲစိမ့်ဝင်စီးဆင်းနေတော့တယ်။

"သူ့ကိုကောင်း၏မကောင်း၏ဝေဖန်ပိုင်းခြားဖို့မလိုအောင် သူကမြင့်မြတ်တယ် ငါ့အတွက်"

ဒီလိုပြောပြီးလှည့်ထွက်ခဲ့တယ်။ တဖက်လူစိတ်ဆိုးသွားမလားဆိုတဲ့အတွေးတွေဟာ သူ့အတွက်အရေးမပါ။ ကိုယ့်လိပ်ပြာကိုယ်လုံပြီးဆက်နေနိုင်ဖို့ သူတကယ်ကိုထိပ်တိုက်ရင်ဆိုင်ဖို့လိုနေပြီထင်ပါတယ်။ အနည်းဆုံးတော့ လိပ်ပြာလုံဖို့အတွက်ပဲဖြစ်ဖြစ်။

ရင်ဆိုင်မယ်စိတ်ကူးပြီးတော့လည်း တကူးတက သွားမိတ်ဆက်မနေချင်ပြန်ဘူး။ နောက်မှ တွေ့လည်းတွေ့ပါစေတော့လို့ နေလာခဲ့တာ သိပ်မကြာလိုက်ပါဘူး။ ကျောင်းဆောင်ပြင်တဲ့နေ့ ကျောင်းရှေ့ရောက်တာနဲ့ သူ့စိတ်တွေလှုပ်ရှားနေခဲ့တယ်။

"ဟိုမှာလေ ပေါ်တော်မူလာပြီ"

ကျောပေးထားတဲ့အဲဒီလူရဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ဟိုကလေး။ သူ့ဆီမေးငေါ့ပြနေတဲ့​ကောင်လေးဆီ အကြည့်ကခပ်ပါးပါးပဲရောက်နိုင်တယ်။

Be My Chlorophyll [completed]Where stories live. Discover now