" အဘိုးက အသက်ကြီးလို့ပေကျင်းကိုမလာနိုင်တော့တာကို အိမ်ထောင်သက်တစ်နှစ်ကျော်မှ ခေါ်လာတယ် ဒီကောင်တော့!ငါက ဒီတစ်သက်မတွေ့ရတော့ဘူးလို့တောင်ထင်နေတာ ... အကျင့်က သူ့အမေအတိုင်းပဲ လုပ်ချင်တာလုပ်တာ "
" အဘိုးကလည်းပွစိပွစိတောင်ပြောနိုင်သေးတာကို အသက်အရှည်ကြီးနေရအုံးမှာ...ပြောပါအုံး! ခေါ်လာဆိုလို့ ခေါ်လာခဲ့ပြီးပြီ ကျွန်တော့်ယောက်ျားချောလား?"
ရှောင်းက ရိပေါ်ကိုမျက်စပြစ်လျှက်ဆိုတော့ ရိပေါ်ခေါင်းငုံ့လို့ပြုံးမိသည်။
" ချောတာပေါ့ ...ချစ်ဖို့ကောင်းချက်ကမင်းနဲ့တောင်မတန်ဘူး!"
"ဟာ ...အဘိုး! ဒါကျွန်တော့်အဘိုးဟုတ်ရဲ့လား ?ကြည့်ပါအုံး ကိုယ့်မြေးလေးကိုနှိမ်လိုက်တာများ...မေမေရေ ထကြည့်ပါအုံး! အဘိုး ကျွန်တော့်ကိုဘယ်လိုတွေဆက်ဆံနေလည်းဆိုတာ"
ရှောင်းကအဘိုးဖြစ်သူနားကပ်ထိုင်လို့ကလိထိုးတော့ အဘိုးကရယ်လို့ ရှောင်းလက်တွေကိုဖမ်းဆုပ်သည်။
လုပ်ချင်တာလုပ်သွားခဲ့သည့်သမီးအပေါ် ဥပက္ခာပြုခဲ့ပုံရှိပေမယ့် မြေးဖြစ်သူကိုတော့ အရမ်းချစ်ပုံရသည်။နှစ်များစွာအတူရှိနေသည့် အလုပ်သမားတွေနဲ့ပဲ wuhan ကအိမ်မှာနေတာမို့ ခုလိုမြေးဖြစ်သူအလည်လာတော့ အရမ်းပျော်နေမှန်းလည်းသိသာသည်။
" ဟေ့! ဒီမှာ ရိပေါ်အတွက် နွားနို့ပူပူလေးယူလာခဲ့လိုက်အုံး! ခုမှနေပြန်ကောင်းတာလို့ရှောင်းပြောတယ် ...အဘိုးဆိုမနက်တိုင်းလမ်းလျှောက်တယ် နွားနို့သောက်တယ် အသက်ကြီးလို့သာ သိပ်မလှုပ်ရှားနိုင်တော့ပေမယ့် ကျန်းမာရေးကကောင်းနေရောပဲ"
"ဟုတ်ကဲ့ပါ အဘိုး"
"ရှောင်းနဲ့လက်ထပ်လိုက်ပြီဆိုထဲက ဘယ်သူဘယ်ဝါရဲ့ သားသမီးဆိုတာထက် အဘိုးရဲ့ မြေးဖြစ်သွားပြီလို့သတ်မှတ်ထားတယ်...ဒီမှာရှိတုန်းလွတ်လွတ်လပ်လပ်သာနေ ခြံထဲက အသီးအရွက်တွေနဲ့ မင်းတို့ကိုဧည့်ခံလိမ့်မယ် ကျီဝေက ၊ လတ်လတ်ဆတ်ဆတ်နဲ့ကိုယ်တိုင်စိုက်ပျိုးထားတာတွေမို့အရမ်းစားလို့ကောင်းတယ်"