*** Resultထွက်မည့် Juneလ ၃ရက်နေ့မတိုင်မီည***
"ဟယ်လို သမီး"
"ဟုတ်ကဲ့ တီချယ်"
"နက်ဖြန်ဆို resultတောင်ထွက်တော့မယ်နော်"
"ဟုတ်တယ် မေစိုးရိမ်နေတယ်တီချယ်"
"အောင်ပါ့မလား တီချယ်"
"အောင်ပါတယ် တီချယ့်သမီးလေးပဲကို"
"ဒီနှစ်သာမအောင်ရင်တော့ သမီးတော့ဆက်မဖြေချင်တော့ဘူး"
"အို.....ဘာဖြစ်လို့လဲ အဲ့လိုတွေမတွေးစမ်းပါနဲ့သမီးရယ်"
"ငါ့သမီးအောင်မှာပါ"
"မေ့ဘာသာတောင်မယုံတာ တီချယ်ကဘာလို့ယုံနေရတာလဲ"
"အကြားအမြင်ရနေလို့"
"ဟင်"
"တီချယ့်စိတ်အတွင်းနက်နက်တစ်နေရာကနေပြောနေတယ် သမီးအောင်တယ်တဲ့"
"အို....တီချယ်ကလည်း"
"ပေါက်ကရမပြောဘူး စောင့်ကြည့်နေမနက်ဖြန်"
"ဟောကိန်းမှန်ရင် ဗေဒင်ဆရာမကိုဆုချဖို့ပြင်ထား"
"ရပါတယ်မေ့ရဲ့တစ်ဦးတည်းသောတီချယ်လေးပဲ ဆုတင်မဟုတ်ဖူး လူကိုပါဆုအဖြစ်ယူချင်ရင်လည်းပေးမှာပေါ့"
"မယူချင်ပါဘူး ဘာလုပ်မှာလဲ ခေါင်းမာလက်ပေါက်ကတ် ဇွတ်ဒရွတ်ကလေးကို"
"ဟွန်း သူများကိုဆိုအကောင်းမမြင်ဘူးအမြဲတမ်း အဲ့တာကြောင့်အပျိုကြီးဖြစ်တာ"
"မဆီမဆိုင်တော်"
"ဆိုင်ဆိုင်မဆိုင်ဆိုင်ပြောမှာပဲ"
"သူများမှရင်တုန်ပြီးသေချင်စိတ်ပေါက်နေတာကို တီချယ်ကစနိုင်သေးတယ်"
"မစပါဘူးသမီးရဲ့ သမီးလေးစိတ်ကို ခဏ relaxဖြစ်အောင်ပါ"
"သမီးထက်ကိုတီချယ်ကပိုရင်ခုန်နေပါတယ်သမီးရယ် ဒီညတော့တီချယ်အိပ်ပျော်မယ်မထင်ဘူး"
"အိပ်ပါတီချယ်ရယ် အလကားအိပ်ရေးပျက်အောင် မဟုတ်လည်းမနက်ကျရင်သိရမှာကို"
"ဒါတော့ဒါပေါ့ သမီးရယ် တီချယ်ကိုယ်တိုင်ကကိုစိတ်လှုပ်ရှားနေတော့အိပ်လို့မရတာ"