Song name - ဆောင်းအိပ်မက်
L လွန်းဝါ
ဝမ်ရိပေါ်တဲ့။
ပိန်ပိန်ပါးပါးနဲ့ ဖြူဖြူဖွေးဖွေး ခန္ဓာကိုယ်လေးက ကျိရန်နဲ့ ဆင်တူတယ်။
ပြုံးလိုက်တိုင်းမို့ထက်သွားတဲ့ ပါးလေးတွေကို သူသတိလက်လွတ် ငေးကြည့်ဖူးတယ်။ အတော် စိတ်ရှုပ်စရာကောင်းအောင် အာရုံထွေပြားစေတာပဲ။
ကောင်ငယ်လေးက သူ့အနားရောက်ရင် မချင့်မရဲနဲ့။ သဘောကျနေမှန်း သူသိနေခဲ့ပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုသဘောကျတယ်ဆိုတာ ရှောင်းကျန်အတွက် အဆန်းမဟုတ်လှပေမယ့် ဒီကောင်လေးက သူ့ကိုသဘောကျ နေတာဆိုတော့ ပြောမပြတတ်တဲ့ ကျေနပ်မှုသေးသေးလေးက သူ့ကိုယ်ထဲမှာ စီးဆင်းနေခဲ့တာ သူကိုယ်တိုင်တောင် သတိမထားမိခဲ့ဘူး။
ဝမ်ရိပေါ်က ဆွတ်ဆွတ်ဖြူတဲ့ တိမ်စိုင်လေးနဲ့တူတယ်။ ပေါ့ပါးပြီး လွတ်လပ်တဲ့ ခံစားချက်မျိုးကို ဒီကောင်လေးအနားရောက်ရင် သူခံစားလို့ရနေတယ်။ ဝမ်ရိပေါ်မှာ သူ့ကို ခြောက်လှန့်နေတဲ့ အမှောင်တွေကြားကနေ ကယ်ထုတ်ပေးနိုင်တဲ့ စွမ်းအင်ရှိတယ်ဆိုတာ သူဘာကြောင့် သတိမထားမိခဲ့သလဲ.....။ တုံးအ ချက်ကလေ....။
ကျိရန်က သူ့အတွက် အနီးကပ်ဆုံးနဲ့ အလုံခြုံဆုံးဆိုတဲ့ အသိကို အမြဲရစေလို့ သူ့နှလုံးသားဟာ ကျိရန်ဆီမှာပဲ ညှိတွယ်နေခဲ့မယ်လို့ သူ့ကိုယ်သူ လှည့်စားထားမိတာပဲ။
ကျိရန်က သူ့ကိုနွေးထွေးစေတယ်။ ဒဏ်ရာတွေကို သက်သာစေတယ်ဆိုတဲ့ အသိကိုပေးပြီး ဝမ်ရိပေါ်ကတော့ ပျော်ရွှင်ခြင်းနဲ့ အေးချမ်းခြင်းဆိုတဲ့ ခံစားချက်တွေကို ပေးစွမ်းတယ်။
ကျိရန်ဟာ သူ့ကိုလုံခြုံစေတဲ့ အိမ်လေးတစ်လုံး ဖြစ်ပြီး ဝမ်ရိပေါ်ကတော့ သူကိုယ်တိုင် တည်ဆောက်ချင်ခဲ့တဲ့ အိမ်အသစ်ကလေး တစ်လုံးပေါ့။ အိမ်လေးထဲကို လှမ်းဝင်ဖို့ သူသတ္တိမရှိခဲ့တာ...။