part19🤒

1.3K 66 1
                                    

   * ကိုကို.....လား *

" ကိုကို ရှောင်းကျန့် ဟုတ်တယ်မှတ်လား
ခင်ဗျားလား ရှာလိုက်ရတာဗျာ.... "

ရိပေါ် ပြောရင်းနှင့်ပင် ရှေ့ကကိုကိုဆိုသောသူအား ရင်ခွင်ထဲအသာပစ်ထည့်လိုက်တယ်။

" ကျွန်တော်လွမ်းနေခဲ့ရတာ ကိုကိုရဲ့...
ကျွန်တော်လေ ကျွန်တော်တအားလွမ်းတာပဲ "

ရင်ခွင်ထဲမှအသာထုတ်၍ လွမ်းနေခဲ့ရသောချစ်ရသူ၏မျက်နှာအား လက်နှစ်ဖက်ဖြင့်နူးညံ့စွာကိုင်တွယ်၍ မျက်လုံးခြင်းဆုံစေကာ ချစ်စကားတွေပြောလိုက်တယ်။

ရှောင်းကျန့်တစ်ယောက် ခြေဖျားလက်ဖျားတွေပင်အေးလာခဲ့တယ်။ရင်ခုန်သံတွေလည်းဝုန်းဒိုင်းကြဲချင်လာတယ်။

    * ဟင့်အင်း မဖြစ်ရဘူး သူ့ရဲ့ရင်ခုန်သံတွေကြားသွားလို့မဖြစ်ဘူး *

ချစ်သူရယ် ကြောက်နေမိပါရဲ့.......

ရိပေါ်ရဲ့အကြည့်အားအမြန်ရှောင်၍ နောက်သို့ဆုတ်လိုက်တယ်။

    " ဒီကလူကြီးမင်း မှားနေပြီထင်တယ်နော်
ကျွန်တော်က Sean ပါ၊လူကြီးမင်းပြောတဲ့လူမဟုတ်ပါဘူး "

တစ်ဖက်လူရဲ့တုံ့ပြန်မှုကြောင့် ရိပေါ်ရဲ့ရင်ထဲဆစ်ခနဲ....

" ခင်ဗျားကညာတက်လာတာပဲ
မဖြစ်နိုင်တာတွေမပြောနဲ့ ကိုကို "

ရိပေါ် သူ့ရှေ့ကလိမ်ညာနေတဲ့လူလည်လေးရဲ့ ရှေ့သို့တိုး၍ ပခုံးနှစ်ဖက်အားဆုပ်ကိုင်၍ပြောလိုက်တယ်။

    " ဒီကလူကြီးမင်း အပြုမူလေးတွေဆင်ခြင်ပေးပါ
ကျွန်တော်က ခင်ဗျားတို့ရဲ့လုပ်ငန်းပါတနာဆိုတာမမေ့ပါနဲ့ခင်မျာ "

ရှေ့ကနှစ်ယောက်ရဲ့ အခြေအနေကိုကြည့်နေ၍ စစ်ကျွေးတစ်ယောက် ဝင်ပါသင့်လား၊မသင့်လား မသိတော့ဘူး။

* သူဌေးရဲ့ပုံစံကလဲ အင်းးးအသည်းသန်ကိုဖြစ်နေတာ တစ်ဖက်ကလဲသွေးအေးစွာငြင်းဆိုနေတယ်
ဘာလုပ်ရပါ့မလဲ ၊ဆက်လွှတ်ထားရင်တော့ အခြေနေမလှလောက်တော့ဘူး *ဝင်ပါရတော့မယ်။

  "သူဌေး စိတ်လျှော့ပါအုံး၊အေးအေးဆေးဆေးပြောလို့ရပါတယ်။ ပြီးတစ်ဖက်ကလဲမဟုတ်ဘူးပြောနေတော့..."

" မင်းကမသိပဲနဲ့ဝင်မပြောနဲ့
ကိုကို ခင်ဗျားက‌ေရာဘာလို့ညာနေရတာလဲ ။

ထားလိုက်ပါ မဟုတ်ဘူးဆိုတော့လဲ မဟုတ်ဘူးပေါ့ "

ရိပေါ်လဲအသည်းသန်ညာနေတဲ့လူကြောင့် ခနစိတ်လျှော့လိုက်တယ်။ ပြီးတော့ သူစိမ်းရဲ့ရှေ့မှာလေ သူကြမ်းလိုက်လို့မဖြစ်ဘူး။

* ပြေးပါ ကိုကို
ခင်ဗျား ဘယ်လောက်ထိပြေးနိုင်မလဲ။
ကျွန်တော့ကို လိမ်လို့ရတယ်၊ညာလို့ရတယ်။
မချစ်တော့လို့တော့မရဘူးနော်....
ခင်ဗျားမချစ်တက်‌ေတာ့ရင်တောင် ကျွန်တော်ကချစ်တက်လာအောင်သင်ပေးအုံးမှာ...*

" sorryပါ ကျွန်တော်လောသွားတယ်ထင်တယ်။
စိတ်ထဲမထားပါနဲ့..
ခင်ဗျားက ကျွန်တော့်အမျိုးသားနဲ့အရမ်းတူနေလို့ "

    " အာ  ရပါတယ်...
ဖြစ်တက်ပါတယ်။ နောက်တစ်ခါတော့မဖြစ်စေနဲ့ပေါ့ဗျာ
ကျွန်တော်တို့ကအလုပ်တွဲလုပ်ရမယ့်သူတွေဆိုတော့ နောက်ဒီလိုဆိုအဆင်မပြေနိုင်ဘူးလေ "

*အမျိုးသားတဲ့လား...
ခနလေး‌ေနပါအုံး ရင်ဘက်ထဲကအကောင်လေးရယ်
ငါ့ကိုအရှက်မခွဲပါနဲ့လား....*

ရိပေါ် သူ့ကိုရှာနေတာသိပေမယ့် ရှာနေရတဲ့အကြောင်းရင်းကိုတော့ မသိခဲ့ရိုးအမှန်ပါ။
အခုလို ရိပေါ်ကသူ့ကိုတအားလွမ်းနေတာလား သိရတော့ ပိစိလေးတောင်ပျော်မိသလိုပါပဲ။

ဒါပေမယ့်လဲ ရှေ့ဆက်မတိုးရဲပြန်ဘူး....
ဒီအတိုင်းလေးပဲနေပါရစေလား....

* ကိုကိုကရှေ့ဆက်မတိုးပေမယ့် ဒီအတိုင်းလေးပဲရပ်နေပေးမယ်...
ဝမ်လေးသာ ရှေ့တိုးလာမယ်ဆိုရင်တော့ ကိုကိုတို့ဆုံရမှာပါ...
မမျှော်လင့်ရဲပေမယ့် တိတ်တိတ်ကလေးတော့စောင့်နေလို့ရတယ်မဟုတ်လားဟင် *

____________

ရှောင်းကျန့်အခန်းထဲကထွက်သွားတယ်ဆိုရင်ပဲ ရိပေါ်ရဲ့ မှာကြားခြင်းစလေတယ်။

" သူ့ရဲ့အလုပ်နေရာကို ငါ့ရုံးခန်းထဲပြောင်းပေးထား
ပြီးတော့ နက်ဖြန်ကစပြီး ငါ့အတွက်နေ့လည်စာစီစဥ်ပေးစရာမလိုတော့ဘူး "

   " ဗျာ...
အော်...ဟုတ် ဟုတ်ကဲ့ပါ "

*ကျွန်တော်ကရှေ့တစ်လှမ်းဆီတိုးလာမှာမို့ ကိုကိုကအ့အတိုင်းလေးပဲရပ်နေပေးပါနော်....*

----------🌼-----–-----

27/12/2021
6:52PM

အားးးးးကြယ်လေးတွေလိုချင်တယ်လို့စ်😭😭
အုံဖွ......ဗျူးဝါးတွေလဲ တိုးစေ🤧

တွဲလက်တွေမြဲပါရစေ(completed)Donde viven las historias. Descúbrelo ahora