အပိုင်း(16)

1K 73 2
                                    


The Lengend of the blue sea

အပိုင်း(16) အတူခံမယ် အတူစံမယ်(1)

ရိရန်ကအရှိန်အဝါတင့်တယ်တဲ့နတ်တပါး

ဒါပေမဲ့ ရီနာနာကတော့ အေးစက်စွာနဲ့ပဲ သူမကိုကျောခိုင်းထားတဲ့တစ်ယောက်ကိုမာရေကျောရေနဲ့ပြောလိုက်တယ်

"မြင့်မြတ်လွန်းလှတဲ့နတ်တပါးဖြစ်တဲ့ရှင်က ကျွန်မလိုအညတရ‌ေလးကိုပြစ်ဒဏ်ပေးမယ်ပေါ့ ဟမ့် ကောင်းကင်ကကျွန်မကိုမျက်နှာပေးချင်နေတာများလား"

မိုးကြိုးနတ်ဘုရားရိရန်

ငွေရောင်ဆံနွယ် အနက်ရောင်မျက်ဝန်း ရှည်လျားတဲ့အရပ်နဲ့ သန့်စင်တဲ့ ရုပ်ရည်

လက်ထဲမှာလျှပ်စီးသဏ္ဍန်ခြယ်ထားတဲ့ယပ်တောင်လေးကိုင်ထားရင်း ဘယ်သူ့ကိုမှမမူ့သလိုအချိုးမျိုးချိုးထားတဲ့ငယ်ရွယ်လွန်း‌ေသာမိုးကြိုးနတ်ဘုရား

သူမရဲ့အမေးမှာလှည့်လာခဲ့တယ်

"တိုင်တန်ဘုရင်မကရီနာနာ? ‌သုံးလောကလုံးရုတ်ရုတ်သဲသဲဖြစ်ပြီးသွားတာမကြာသေးဘူးအခုထပ်ပြီးမွှေလိုက်ပြန်ပြီပဲ လူနတ်ဝိဉာဉ် သုံးပါးဟာ တပါးကိုတပါးမထိရဘူး မတော်တဆထိလိုက်မိရင်တောင်ပြစ်ဒဏ်သင့်တယ် အခုတော့ ဘုရင်မရီနာနာက ဘာကိုမှမကြောက်ပဲ စိတ်လွတ်ကိုယ်လွတ်ကိုသောင်းကျန်းထားတာပဲနော် "

"အဟင်း။အဲ့လိုစည်းမျဉ်းတွေရှိတော့ရောဘာလုပ်ရမှာလဲ ရှင်တို့လိုအဘိုးကြီးတွေကျ လူ့ကိစ္စမှာရော ဝိဉာဉ်ရေးရာအထိပါ လိုက်ရှုပ်နေကြပြီးတော့ မကောင်းတဲ့သူတွေကိုပယ်လိုက်တဲ့အခါကျ အပြစ်သွားတယ်ပေါ့ ဒီမှာအဘိုးကြီး ရှင်ကျွန်မကိုသဘောမတွေ့ဘူးဆိုတာကျွန်မသိတယ် စကားရှည်မနေနဲ့ အခုအပြစ်ပေးတော့"

အဘိုးကြီး?

သူ့ကိုအဘိုးကြီးလို့ပြောတာသူမတစ်ယောက်ပဲရှိတယ်

"ရီနာနာ မင်းကိုငါကပြစ်ဒဏ်အများကြီးပေးမှာမကြောက်ဘူးလား"

"ရှင်တို့အထက်ပြည်တခုလုံးကျွမ်းထိုးသွားချင်ရင်လုပ်လိုက်လေ"

"ကျော်ကြားနေတဲ့အတိုင်း  ရေတိုင်းပြည်ရဲ့ဘုရင်မက အရိုင်းအစိုင်းလေးပဲ "

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now